ချင်​းပြည်နယ်အစိုးရရန်ပုံငွေ၏ ၅၂ ရာခိုင်နှုန်းကို နှစ်စဉ် လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြု

ချင်​းပြည်နယ်အစိုးရရန်ပုံငွေ၏ ၅၂ ရာခိုင်နှုန်းကို နှစ်စဉ် လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြု

ချင်းပြည်နယ်အစိုးရ၏ ရန်ပုံငွေ ၅၂ ရာခိုင်နှုန်းကို နှစ်စဉ်​​လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်ကပြောသည်။

“ ချင်းပြည်နယ် မြောက်ပိုင်းအစွန်ဆုံးကနေ ချင်းပြည်နယ် တောင်ပိုင်းအစွန်ဆုံးမြို့ ပလက်ဝမြို့နယ် ဆမီးအထိ ရာသီမရွေးသွားလာနိုင်သည့်လမ်းဖြစ်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလမ်းကို ချင်းပြည်နယ်ရဲ့ ကျောရိုးမဏ္ဍိုင် လမ်းဖြစ်အောင် ဆောင်ရွက်ပါတယ်။ ချင်းပြည်နယ်အစိုးရရဲ့ ဘတ်ဂျက် ၅၂ ရာခိုင်နှုန်းကို လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် အသုံးပြုလျက်ရှိပါတယ်” ဟုဝန်ကြီးချုပ်​​ဆလိုင်းလျန်လွယ်ကပြောသည်။

နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီးလည်း ချင်းပြည်နယ်သည် ကုန်းပိတ်ပြည်နယ်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုရမ်ပူရ်အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကို ကြိုးစားဖောက်လုပ်ခဲ့ကြောင်း၊ အဆိုပါလမ်းသည်လည်း မြန်မာ - အိန္ဒိယနှစ်နိုင်ငံသဘောတူ စာချုပ်ချုပ်ဆိုထားသည်လမ်းဖြစ်ကြောင်း ဆက်ပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းမှ ချင်းဝေါလ်မီဒီယာနှင့် အင်တာဗျူးရာတွင် “ အစိုးရဖွဲ့အနေနဲ့ ရန်ပုံငွေကို ထိထိရောက်ရောက်သုံးဖို့အရေးကြီးတယ်။ လမ်းကို အမြဲလုပ်တယ်။ ပိုကောင်းလာတယ်မရှိဘူး” ဟု လမ်းလုပ်ငန်းနှင့်ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့သည်။

လမ်းနှင့်ပတ်သက်ပြီး အစိုးရ နှစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မျိုးထဋ်က နှစ်နှစ်တာကာလအတွင်း ကတ္တရာလမ်းအသစ် မိုင် ၁၀၀ ခင်းနိုင်ခဲ့ကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့် လမ်းအနေဖြင့် ၁၃၉ မိုင်ဆောင်ရွက်ခဲ့ကြောင်း၊ အဓိကအားဖြင့် မိုးတွင်းကာလတွင် စိန်ခေါ်မှုအနေဖြင့် တောင်ပြိုခြင်း၊ လမ်းသားပဲ့ခြင်းများဖြစ်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...