ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို သင်တန်းများများပေးနိုင်မည့် အခွင့်အရေးလိုချင်ကြောင်း ပြည်နယ်ကော်မရှင်အရာရှိမှပြော

ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို သင်တန်းများများပေးနိုင်မည့် အခွင့်အရေးလိုချင်ကြောင်း ပြည်နယ်ကော်မရှင်အရာရှိမှပြော

၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပမှီ ပြည်သူလူထုထံ သင်တန်းများများပေးနိုင်မည့် အခွင့်အရေးလိုချင်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ထံမှ သိရသည်။

“သင်တန်းများများပေးမဲ့ အခွင့်ရေးလိုချင်တယ် သင်တန်းများများပေးနိုင်ရင် ပြည်သူလူထုကို ရပ်ကျေးကော်မရှင်တို့ မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ကနေ တစ်ဆင့် ကျွန်တော်တို့က ဆင့်ပွားသင်တန်းတွေကိုထပ်ဆင့်ပေးနိုင်မယ်၊ ကျွန်တော်တို့အနေနှင့် ပြည်သူတွေကို ဘာကြောင့် မဲပေးသင့်လဲ၊ ဘယ်လိုမဲပေးသင့်လဲဆိုတာကို သင်တန်းကောင်းကောင်းပေးချင်တယ်” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်မှ ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာလအတွင်းတွင် ကျင်းပမည်ဖြစ်ပြီး ချင်းပြည်နယ်တွင် လစ်လပ်လျက်ရှိသည့် ကန်ပက်လက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် နှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သတ်ပြီး ချင်းတိုးတက်ရေးပါတီမှ ကန်ပက်လက် ပြည်သူ့လွှတတ်တော် ကိုယ်စားလှယ်လောင်း ဦးမနားရှိန်းမှ “ကျွန်တော်တို့ ပါတီအနေနှင့် မဲဆွယ်စည်းရုံးရေးကာလ မရောက်သေးဘူးဆိုတော့ ဘာမှ ပြင်ဆင်ထားတာ မရှိသေးပါဘူး၊ ကော်မရှင်အနေနှင့် ရွေးကောက်ပွဲမတိုင်ခင် သင်တန်းတွေ လုပ်ပေးမယ်ဆိုတော့ တရားမျှတမှုလည်း ပိုပိုပြီးရှိလာမယ်ထင်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ချင်းပြည်နယ် ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲနောက်ပိုင်း ၂၀၁၇ ခုနှစ်တွင် ထန်တလန်မြို့နယ် အမျိုးသားမဲဆန္ဒနယ်အတွက် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...