ကမ္ဘာ့ဘဏ်အကူအညီဖြင့် နိုင်လွန်ကတ္တာခင်းမည့် ကလေး-ဖလမ်း-ဟားခါးလမ်း ၂၀၁၉ အောက်တိုဘာလမှသာ စတင်အကောင်အထည်ဖော်နိုင်မည်

ကမ္ဘာ့ဘဏ်အကူအညီဖြင့် နိုင်လွန်ကတ္တာခင်းမည့် ကလေး-ဖလမ်း-ဟားခါးလမ်း ၂၀၁၉ အောက်တိုဘာလမှသာ စတင်အကောင်အထည်ဖော်နိုင်မည်

ချင်းပြည်နယ်အစိုးရနှင့်ကမ္ဘာ့ဘဏ်အကြား သဘောတူထားသည့် ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင် နိုင်လွန်ကတ္တရာခင်းခြင်းကို (၂၀၁၉)ခုနှစ်အောက်တိုဘာလမှသာ စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးထံမှသိရသည်။

“တစ်ကယ်တမ်း ဒီပရောဂျက်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စရတယ်၊ အဲဒီနောက် ကမ္ဘာ့ဘဏ်ဘက်ကနေ ကွင်းဆင်းလာရောက်စစ်ဆေးတယ်၊ အဲဒီမှာ တစ်ချို့ရွာတွေက မြေယာရော်ကြေးတွေရချင်ကြတော့ သူတို့ဘက်ကနေ စိတ်ပျက်ပြီး စာချုပ်ပြန်လည်ဖျက်သိမ်းဖို့ ပြောတယ်၊ ဒါပေမဲ့ လူအယောက်တစ်သောင်းကျော်က လမ်းခင်းပေးဖို့ လက်မှတ်ထိုးပြီး ပြန်တောင်းဆိုတဲ့အခါမှာ သူတို့ဘက်က ပြန်လည် ခွင့်ပြုခဲ့တယ်၊ အဲဒီနောက်မှာ သူတို့နှင့် ထပ်ဆွေးနွေးပြီးတော့ ၂၀၁၉ အောက်တိုဘလမှာ စတင်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်”ဟု ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေထီးယူမှ ဖြေကြားခဲ့သည်။

ချင်းပြည်နယ်ရှိ ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄မိုင်ကို အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ မီလီယံ အကုန်အကျခံကာ နိုင်လွန်ကတ္တရာခင်းရန် ပြည်ထောင်စုအစိုးရနှင့် ကမ္ဘာ့ဘဏ်အကြား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သဘောတူစာချုပ်ချုပ်ထားခဲ့သော်လည်း ကြားထဲတွင် ပြသနာတစ်ချို့ရှိသည့်အတွက် ၂၀၁၉ အောက်တိုဘာလမှသာ စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေထီးယိုမှ ၂၀၁၈ သြဂုတ်လ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ချင်းပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပါတ်သတ်ပြီး ချင်းတောင်သံယံဇာတစောင့်ကြည့်ရေးအဖွဲ့ဒါရိုက်တာ ကိုထားတွောင်က “ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အရင်က အစိုးရအနေနဲ့ လူမှုအဖွဲ့အစည်း၊ လူထုနဲ့ပူးပေါင်းမှုအားနည်းလို့ပဲ ကြန့်ကြာတာ၊ ပြသနာတစ်ချို့ဖြစ်တယ်လို့မြင်တယ်။ ကမ္ဘာ့ဘဏ်က ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြသနာဖြစ်တုန်းက ချင်းတောင်မှာ ဆက်ပေးသင့်တယ်ဆိုပြီး စာတောင်ထုတ်ပြန်ခဲ့တယ်။ ဒီစီမံကိန်းက အကောင်အထည်ဖော်လာရင်လည်း ကမ္ဘာ့ဘဏ်က တစ်ဝက်လောက်လုပ်ပြီး နောက်ဆုတ်ချင်နောက်ဆုတ်အုံးမှာ။ သူတို့က အလှူရှင်လေ။ နောက်တစ်ခုပြောချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုအဖွဲ့အစည်းတွေအနေနဲ့တောင် အစိုးရကို အရမ်းကြီးထောက်ပြတာမျိုးမရှိသေးတာ။ ဒါကို အစိုးရအနေနဲ့လည်း အခွင့်အကောင်းမယူစေချင်ဘူး”ဟု ဖြေကြားခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...