မိုးတွင်းကာလ ခရီးသည်နည်းပါးခြင်းကြောင့် ချင်းတောင်တက်သည့် ယာဉ်လိုင်းများ ယဉ်စီးခ တိုးပေးရန်လိုလား

မိုးတွင်းကာလ ခရီးသည်နည်းပါးခြင်းကြောင့် ချင်းတောင်တက်သည့် ယာဉ်လိုင်းများ ယဉ်စီးခ တိုးပေးရန်လိုလား

မိုးတွင်းကာလအတွင်း ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ လိုင်းဆွဲသည့် ယာဉ်လိုင်းများမှ ယဉ်စီးခ တိုးတောင်းရန် လိုလားလျက်ရှိကြောင်း ယဉ်လိုင်းပိုင်ရှင်တစ်ချို့ထံမှ သိရသည်။

“ကျွန်တော်တို့ကားက ၁၂ယောက်ဆန့်တယ်၊ ခရီးသည်ပုံမှန်ပြည့်နေရင်တော့ ပြသနာမရှိဘူး၊ ခုမိုးတွင်းက များသောအားများ သုံးယောက်လေးယောက်လောက်နဲ့ လိုင်းဆွဲနေရတော့ တွက်ခြေမကိုက်ဘူး၊ ပို့ဆက်ဌာနကို ယာဉ်စီးခ နည်းနည်းတိုးပေးဖို့ သွားပြောပေမဲ့ သူတို့ဘက်က လုံးဝလက်မခံဘူး၊ အဲတာကြောင့် သြဂုတ် ၁၄ရက်နေ့ကျရင် ယာဉ်လိုင်းပိုင်ရှင်တွေ အစည်းအဝေးထိုင်မယ်၊ အဲ့ဒီအစည်းအဝေးမှာ ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ သုံးလေးရက် လိုင်းမဆွဲဘဲနဲ့ ပိတ်ထားဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆွေးနွေးကြမယ်”ဟု တောင်ဇလပ်ယာဉ်လိုင်းမှ တာဝန်ရှိသူ ဦးဟောင်ပီးမှ ပြောသည်။

ဆီစျေးများအဆမတန်တတ်မှုကြောင့် ယာဉ်လိုင်းပြေးဆွဲသူ ယာဉ်ပိုင်ရှင်များ အမြက်ငွေနည်းနည်းနှင့် ယာဉ်ပြေးဆွဲနေရကြောင်းလည်း သိရသည်။

ချင်းတောင်ဘက်လိုင်းပြေးဆွဲနေ လျှက်ရှိသောဖလမ်းသားယာဉ်ပိုင်တစ်ဦးဖြစ်သူ Salai Laei Uk Thang က “အရင်က လေးသောင်းဝန်းကျင်လောက်နဲ့ဓာတ်ဆီဆိုင်မှာထည့်လာတာ အခုတော့ငါးသောင်းခွဲ ခြောက်သောင်း လောက်ဖြစ်သွားပြီ လိုင်းကလည်းပုံမှန်သွားရတယ် ကားယာဉ်ပိုင်ရှင် ဘက်ကျန်တဲ့ အမြက်နည်းသွားတယ် ကျန်မယ့်အမြက်ငွေက ဆီစျေးတတ်တော့ ကျန်မယ့်ဟာလောက်မကျန်တော့ဘူး”ဟုပြောသည်။

သူကဆက်ပြီး “ဆီစျေးကလည်းကျမယ့်ဘက်ထက် တတ်တဲ့ ဘက်ဘဲဖြစ်နေတယ် ကျွန်တော်တို့ ကားခနဲ့ ပက်သက်ပြီး ဖလမ်းနဲ့ကလေးကားခက ဓာတ်ဆီစျေးနဲ့တော့မကိုက်တော့ဘူး”ဟုပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...