ရှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်

ရှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်
မိုင်းကိုင်မြို့အားအထက်မှမြင်တွေ့ရပုံ (Photo- Google earth)
မိုင်းကိုင်မြို့အားအထက်မှမြင်တွေ့ရပုံ (Photo- Google earth)

သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုကို အင်အား တရာခန့်ရှိ အစိုးရတပ်မတော်က ယမန်နေ့ (ဇူလိုင်လ ၉ ရက်နေ့) တက်တိုက်ခဲ့သည်ဟုသိရသည်။

ဇူလိုင် ၉ ရက် မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရသေး ကြောင်း၊ အစိုးရတပ်မတော်ဘက်တွင် မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ ကျိုင်းတောင်း အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၉ အင်အား ၉၀ ကျော် ရှိ စစ်ကြောင်းက မိုင်းကိုင်မြို့ ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား တက်ရောက်တိုက်နေသည်ဟု ကြားသိရသည်။

“မိုင်းကိုင်မြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ ဟိုခိုင်း ကျေးရွာအုပ်စုရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ ဟွေ့မွန်ရွာမှာ ဖြစ်တာ တိုက်ပွဲက။ ဒီညနေ ၄ နာရီအထိ မရပ်သေးဘူး။ အဲဒီက ရွာလေးတွေက ရွာသားတွေ ရွာကြီးဘက်ကို ထွက်ပြေးနေတယ် ”- ဟု အသက် ၄၀ ကျော်အရွယ် မိုင်းကိုင်မြို့ခံ အမျိုးသားတဦးကပြောသည်။

အဆိုပါ တိုက်ခိုက်မှု နှင့်ပတ်သက်၍ ဟုတ်မှန်ကြောင်း RCSS/SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ အတည်ပြုသော်လည်း တိုက်ပွဲဖြစ်စေသည့်အကြောင်းအရင်းအသေးစိတ်အား ပြောပြ ခြင်း မရှိပေ။

"ဘာဖြစ်လဲမသိဘူး။ အခု အရက်ပိုင်း မှာ လွိုင်လင်အထွက်ဂိတ်၊ လဲချားအထွက် ၊ မိုင်းနောင် အထွက် ၊ ကျေး သီး လမ်းခွဲ က အစ နမ့်ပုတ်ဂိတ်တွေမှာလဲ လုံခြုံးတွေ ပိုမိုချထားတာတွေ၊ စစ်ဆေးမှုတွေ လုပ်နေတယ် "– ဟု ကားဆရာ စိုင်အောင်ဝင်း က ပြောသည်။

အဆိုတိုက်ပွဲဖြစ်ပွားနေမှု ဟုတ်မှန်ကြောင်း တိုက်ပွဲအသေးစိတ်မသိရသေးကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် လုံးစိုင်းလုံ ကလည်းပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသည်။ ထို့အပြင် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် ဖြစ်မြောက်ရေးအတွက်လည်း ပါ၀င်ဆောင်ရွက်နေသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...
August 11, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ...
ဓာတ်ပုံ - (Crd) တာချီလိတ် ကျားဖြန့်လုပ်ငန်းမှ ထွက်ပေးလွတ်မြောက်လာသည့် ရုရှားသူ
August 11, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်းကျားဖြန့် (ကျားဖျန့်) လိမ်လည်မှု...
August 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ...