နောင်ချို - မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း ၁,၀၀၀ ကျော်အထိ ပေးဆောင်ရ

နောင်ချို - မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း ၁,၀၀၀ ကျော်အထိ ပေးဆောင်ရ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်းခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်အုပ်စု၏ ‘ရက် ၁၀၀ စီမံချက်’ ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်း ကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့် တရုတ်ကုန်ပစ္စည်းများကို ပိတ်ဆို့ရန် ကြိုးပမ်းရာတွင် အောက်ခြေ စစ်ဆေးရေးဂိတ်များက ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။

အထူးသဖြင့် ကျောက်မဲ၊ နောင်ချို၊ ဝက်ဝံနှင့် ၁၆ မိုင် ဂိတ်များတွင် အထူးတင်းကျပ်ထားပြီး ပုံမှန် ၆ ဘီး ကုန်တင် ကားတစ်စီးလျှင် လမ်းရှင်းခ ကျပ်သိန်း ၈၀၀ မှ ၁,၀၀၀ ကျော်အထိ ပေးဆောင်နေရကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။

ကုန်တင်ကားမောင်းသည့် သျှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးက “အခုက စားသောက်ကုန်ကလွဲရင် အဝတ် အစား၊ ဖိနပ်တွေတောင် ပေးမဖြတ်ဘူး။ ဒါပေမဲ့ ပွဲစားနဲ့ချိတ်ပြီး လမ်းရှင်းခပေးရင်တော့ အဆင်ပြေတယ်။ ၆ ဘီးကားတစ်စီးဆိုရင် သိန်း ၈၀၀ ကနေ ၁,၀၀၀ အထိ ပေးရတာမျိုး ရှိတယ်။ စစ်တပ်ကပဲ လုံခြုံရေးယူပြီး ပေး ဖြတ်တာ” ဟု ပြောသည်။

ထိုကဲ့သို့ လမ်းစရိတ် အဆမတန် မြင့်မားလာခြင်းကြောင့် ကုန်သည်များသည် တိုက်ရိုက်လမ်းကို မသွားနိုင်တော့ ဘဲ မိုးကုတ်-မတ္တရာ လမ်းနှင့် ကျောက်ဂူ-စည်သာ လမ်းပိုင်းများမှတစ်ဆင့် ခက်ခဲစွာ ပတ်၍ သွားလာနေကြရ သည်။

အဆိုပါ ယာဉ်မောင်းက “လမ်းကတော့ အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ ဘယ်လမ်းသွားသွား ဂိတ်ကြေးကတော့ ပေး နေရတာပဲ။ အရင်က တစ်ရက်ကို ကားအစီး ၁၀ ကျော် ထွက်နိုင်ပေမဲ့ အခုတော့ ၂ စီး၊ ၃ စီးလောက်ပဲ ထွက်နိုင် တော့တယ်” ဟု ဆက်ပြောသည်။

စစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ထိန်းချုပ်ရာဒေသမှ ကုန်စည်စီးဆင်းမှုကို ဖြတ် တောက်ရန် ရည်ရွယ်ထားသော်လည်း လက်တွေ့တွင် ထိုဒဏ်ကို ပြည်သူများကသာ တိုက်ရိုက် ခံစားနေရသည်။

မူဆယ်မြို့ခံ ကုန်သည်တစ်ဦးက “သူတို့ရဲ့ ကန့်သတ်ချက်က လက်နက်ကိုင်အဖွဲ့တွေကို မထိခိုက်ဘူး။ ပြည်သူ တွေကိုပဲ ထိခိုက်တာ။ ပစ္စည်းတွေက သယ်ရခက်တော့ ဈေးတွေက ၂ ဆ၊ ၃ ဆ တက်ကုန်ပြီ။ ပြည်သူတွေက တော့ ငတ်ပြတ်ဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။

လက်ရှိတွင် နောင်ချို-မန္တလေး လမ်းပိုင်း၌ စစ်တပ်၏ စစ်ဆေးရေးဂိတ်ပေါင်း ၁၅ ဂိတ်မှ ၂၀ နီးပါးအထိ ရှိနေပြီး ကုန်တင်ကားများသာမက ခရီးသည်တင်ကားငယ်များကိုလည်း စစ်ဆေး၍ ငွေကြေးတောင်းခံမှုများ ရှိနေသည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် သွင်းကုန်လျှော့ချရန် ရက် ၁၀၀ ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။သို့သော်လည်း မြေပြင်တွင် စစ်ဆေးရေးဂိတ်များ၏ အဂတိလိုက်စားမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်ကာ စီးပွားရေး ပိုမိုကျပ်တည်းလာကြောင်း ဒေသခံများက ပြောဆိုကြသည်

ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...
August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...