ကလောမြို့တွင် ရေကြီးရေလျှံ၍ ရေဘေးသင့်သူများ အကူအညီ လိုအပ်နေ

ကလောမြို့တွင် ရေကြီးရေလျှံ၍ ရေဘေးသင့်သူများ အကူအညီ လိုအပ်နေ

မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ ဖြစ်ပွားလျက်ရှိရာ တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင် ဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံတက်လာပြီး ကလောမြို့ ရပ်ကွက် (၁၊ ၂၊ ၃၊ ၄) တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။

ထိုသို့ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့အထိ ချောင်းရေများ အဆက်မပြတ် စီးဝင်နေပြီး ရေအနည်းငယ်သာ ပြန်ကျသေးသဖြင့် ရေဘေးသင့် ပြည်သူများအတွက် အဝတ်အထည်နှင့် စောင်များ အရေးပေါ် အကူအညီ လိုအပ်နေသည်။

ရေဘေးကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက “ရေက တဖြည်းဖြည်းနဲ့ တက်လာတာ။ လူနေအိမ် တိုက်ပုဆိုရင် မြုပ်ကုန်ပြီ။ ဒီနေ့အထိ ရေက စီးဝင်တုန်းဆိုတော့ မိုးက သိပ်မရွာပေမဲ့ ရေက နည်း နည်းပဲ ကျသေးတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းတွေဘက်မှာ မြို့ခံတွေကို နေရာချထားပေး တယ်” ဟု ပြောသည်။

ကလောမြို့သည် တောင်ပေါ်မြို့ငယ်လေး ဖြစ်သော်လည်း တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေ သည်မှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ရှိလာပြီ ဖြစ်သည်။

ထို့ပြင် အောင်ပန်း - ကလော သွားလမ်းမှ ကလောမြို့အဝင်ဘက်တွင် မြေပြိုနေသည့်အတွက် လမ်းပန်း ဆက် သွယ်ရေး အခက်အခဲ ဖြစ်ပေါ်နေပြီး ကလောမြို့ တောင်စောင်းများတွင်လည်း မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ရှိသည်။

ကလောဘက်သို့ သွားရောက် ကူညီပေးနေသည့် ကယ်ဆယ်ရေးသမားတစ်ဦးကလည်း “လမ်းမှာလည်း မြေပြို နေလို့ ၃ နာရီလောက် စောင့်ခဲ့ရတယ်။ ကလောအဝင်နားမှာ တောင်ပြိုနေတာ။ ကလောမြို့တွင်းလည်း လမ်း ဘေးနဲ့ တောင်စောင်းဘက်ဆို မြေပြိုနေတာ။ တောင်စောင်းမှာ နေတဲ့သူတွေတော့ ဂရုစိုက်ဖို့ လိုမယ်။ အရင်က လည်း ကလောမှာ မြေပြိုလို့ လူတွေ သေဖူးတော့ သူတို့လည်း စိုးရိမ်နေကြတယ်” ဟု ပြောဆသည်။

ကလောမြို့တွင် တောင်ကျရေ စီးဆင်းမှုနှင့် မြေပြိုမှု ဖြစ်စဉ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သတိပေးနေခြင်းဖြစ်ပြီး သစ်ပင်သစ်တော များကို မဖြစ်မနေ စိုက်ပျိုးထိန်းသိမ်းသင့်ကြောင်း အဆိုပါ အမျိုးသားက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ကလောမြို့တွင် မကြုံစဖူး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင် စောင်းရှိ ကျေးရွာများသည် တောင်ကျရေကြောင့် နေအိမ်များ ပျက်စီးကာ လူသေဆုံးမှုများအထိ ဖြစ်ပွားခဲ့ သည်။

ဓာတ်ပုံ - Tin Soe Aung

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...