မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံတိုကျိုမြို့တွင် မြန်မာတိုင်းရင်းသားများ ချီတက်ဆန္ဒပြ

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံတိုကျိုမြို့တွင် မြန်မာတိုင်းရင်းသားများ ချီတက်ဆန္ဒပြ

ဂျပန်ရောက် မြန်မာ တိုင်းရင်းသားများစုပေါင်း၍ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒဖေါ်ထုတ်ပွဲ တစ်ခုကို တိုကျိုမြို့တွင်  ဇွန်လ ၂၄ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

၎င်းငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်အမျိုးသားအင်အားစု (ဂျပန်)/ ANF (Japan) အဖွဲ့အစည်း အနေဖြင့် မိတ်ဖက် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဦးဆောင်ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ လမ်းလျှောက် ဆန္ဒပြပွဲကို မွန်းလွဲ ၂ နာရီလ ၃၀ မိနစ်ကနေ ၄ နာရီခွဲထိ ဖြစ်ပါတယ်။ Gotanta Minami ပန်းခြံမှာ စုရပ်လုပ်ပြီး စတင်ချီတက်တယ်။ မြန်မာသံရုံးရှေ့က ဖြတ်ပြီး ခိတချီနာဝ ပန်းခြံထိ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူပေါင်း ၃၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်”ဟု ANF(Japan) ၏ အထွေထွေအတွင်းရေးမှူး ကိုဘုန်းမြင့်က နိရဥ္စရာသို့ ပြောသည်။

လမ်းလျှောက်ဆန္ဒပြပွဲသို့ ဂျပန်ရှိ ကယား၊ ရခိုင်၊ ကရင်၊ ရှမ်း၊ မွန်နှင် ပလောင်အဖွဲ့အစည်းမှ တက်ရောက်ခဲ့ကြပြီး ပူးပေါင်း ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများမှာ -

-Arakan National Force (ANF-japan)

-Association of United National(AUN)

-Overseas Karen Organization(OKO-japan)

-Kachin National Orgatisation (KNO)

-Punyagari Mon National Society(PMNS)

-Factory workers of union of Burma CitizenNagoya

-Shan State National Society (SSNS)

ပအို့တိုင်းရင်းသားအဖွဲ့တို့ ဖြစ်ကြသည်။

ဆန္ဒပြသူများက (က) အာမခံချက်ရှိသောအပစ်အခတ်ရပ်စဲရေးကို ဖေါ်ဆောင်ရေး၊ (ခ) ၂၀၀၈ ခုနှစ်ဖွဲ့အုပ်ချုပ်ပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး အသစ်တဖန်ရေးဆွဲရေး၊ (ဂ) ၆၆(ဃ) ဥပဒေကို ဖျက်သိမ်းပေးရေး (ဃ)ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးတို့ကို အမြန်ဆုံး အကောင် အထည်ဖေါ်ဆောင်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...