ဂျပန်ရောက် မြန်မာ တိုင်းရင်းသားများစုပေါင်း၍ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒဖေါ်ထုတ်ပွဲ တစ်ခုကို တိုကျိုမြို့တွင် ဇွန်လ ၂၄ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
၎င်းငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်အမျိုးသားအင်အားစု (ဂျပန်)/ ANF (Japan) အဖွဲ့အစည်း အနေဖြင့် မိတ်ဖက် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဦးဆောင်ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ လမ်းလျှောက် ဆန္ဒပြပွဲကို မွန်းလွဲ ၂ နာရီလ ၃၀ မိနစ်ကနေ ၄ နာရီခွဲထိ ဖြစ်ပါတယ်။ Gotanta Minami ပန်းခြံမှာ စုရပ်လုပ်ပြီး စတင်ချီတက်တယ်။ မြန်မာသံရုံးရှေ့က ဖြတ်ပြီး ခိတချီနာဝ ပန်းခြံထိ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူပေါင်း ၃၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်”ဟု ANF(Japan) ၏ အထွေထွေအတွင်းရေးမှူး ကိုဘုန်းမြင့်က နိရဥ္စရာသို့ ပြောသည်။
လမ်းလျှောက်ဆန္ဒပြပွဲသို့ ဂျပန်ရှိ ကယား၊ ရခိုင်၊ ကရင်၊ ရှမ်း၊ မွန်နှင် ပလောင်အဖွဲ့အစည်းမှ တက်ရောက်ခဲ့ကြပြီး ပူးပေါင်း ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများမှာ -
-Arakan National Force (ANF-japan)
-Association of United National(AUN)
-Overseas Karen Organization(OKO-japan)
-Kachin National Orgatisation (KNO)
-Punyagari Mon National Society(PMNS)
-Factory workers of union of Burma CitizenNagoya
-Shan State National Society (SSNS)
ပအို့တိုင်းရင်းသားအဖွဲ့တို့ ဖြစ်ကြသည်။
ဆန္ဒပြသူများက (က) အာမခံချက်ရှိသောအပစ်အခတ်ရပ်စဲရေးကို ဖေါ်ဆောင်ရေး၊ (ခ) ၂၀၀၈ ခုနှစ်ဖွဲ့အုပ်ချုပ်ပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး အသစ်တဖန်ရေးဆွဲရေး၊ (ဂ) ၆၆(ဃ) ဥပဒေကို ဖျက်သိမ်းပေးရေး (ဃ)ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးတို့ကို အမြန်ဆုံး အကောင် အထည်ဖေါ်ဆောင်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။







