မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံတိုကျိုမြို့တွင် မြန်မာတိုင်းရင်းသားများ ချီတက်ဆန္ဒပြ

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံတိုကျိုမြို့တွင် မြန်မာတိုင်းရင်းသားများ ချီတက်ဆန္ဒပြ

ဂျပန်ရောက် မြန်မာ တိုင်းရင်းသားများစုပေါင်း၍ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒဖေါ်ထုတ်ပွဲ တစ်ခုကို တိုကျိုမြို့တွင်  ဇွန်လ ၂၄ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

၎င်းငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်အမျိုးသားအင်အားစု (ဂျပန်)/ ANF (Japan) အဖွဲ့အစည်း အနေဖြင့် မိတ်ဖက် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဦးဆောင်ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ လမ်းလျှောက် ဆန္ဒပြပွဲကို မွန်းလွဲ ၂ နာရီလ ၃၀ မိနစ်ကနေ ၄ နာရီခွဲထိ ဖြစ်ပါတယ်။ Gotanta Minami ပန်းခြံမှာ စုရပ်လုပ်ပြီး စတင်ချီတက်တယ်။ မြန်မာသံရုံးရှေ့က ဖြတ်ပြီး ခိတချီနာဝ ပန်းခြံထိ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူပေါင်း ၃၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်”ဟု ANF(Japan) ၏ အထွေထွေအတွင်းရေးမှူး ကိုဘုန်းမြင့်က နိရဥ္စရာသို့ ပြောသည်။

လမ်းလျှောက်ဆန္ဒပြပွဲသို့ ဂျပန်ရှိ ကယား၊ ရခိုင်၊ ကရင်၊ ရှမ်း၊ မွန်နှင် ပလောင်အဖွဲ့အစည်းမှ တက်ရောက်ခဲ့ကြပြီး ပူးပေါင်း ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများမှာ -

-Arakan National Force (ANF-japan)

-Association of United National(AUN)

-Overseas Karen Organization(OKO-japan)

-Kachin National Orgatisation (KNO)

-Punyagari Mon National Society(PMNS)

-Factory workers of union of Burma CitizenNagoya

-Shan State National Society (SSNS)

ပအို့တိုင်းရင်းသားအဖွဲ့တို့ ဖြစ်ကြသည်။

ဆန္ဒပြသူများက (က) အာမခံချက်ရှိသောအပစ်အခတ်ရပ်စဲရေးကို ဖေါ်ဆောင်ရေး၊ (ခ) ၂၀၀၈ ခုနှစ်ဖွဲ့အုပ်ချုပ်ပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး အသစ်တဖန်ရေးဆွဲရေး၊ (ဂ) ၆၆(ဃ) ဥပဒေကို ဖျက်သိမ်းပေးရေး (ဃ)ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးတို့ကို အမြန်ဆုံး အကောင် အထည်ဖေါ်ဆောင်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...