တောင်ကုတ်မြို့နယ် မြို့တောင်နှင့် နန်းရွာကုန်းတွင် လေဆင်နှာမောင်းကျ၍ အိမ်ပေါင်း ၄၀ ကျော်ပျက်စီး

တောင်ကုတ်မြို့နယ် မြို့တောင်နှင့် နန်းရွာကုန်းတွင် လေဆင်နှာမောင်းကျ၍ အိမ်ပေါင်း ၄၀ ကျော်ပျက်စီး
တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (ဓါတ်ပုံ - Rakhine Fire Force)
တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (ဓါတ်ပုံ - Rakhine Fire Force)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတိုက်နယ် မြို့တောင်ရွာနှင့် နန်းရွာကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နှစ်ရွာပေါင်း အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ရွာမရဲစခန်းမှ တပ်ကြပ်ဇော်ဇော်ထွန်းက “ မြို့တောင်နဲ့ နန်းရွာကုန်းမှာဖြစ်တာပါ။ လေဆင်နှာမောင်းတိုက်တာပေါ့ ။ မြို့တောင်မှာ အိမ် ၃၄ လုံးပျက်စီးတယ်။ ဘုန်းကြီးကျောင်းရယ်၊ ကျေးရွာဆေးပေးခန်း၊ စာသင်းကျောင်းတို့ပါ ပျက်စီးသွားပါတယ်။ စုစုပေါင်း ၃၇ လုံး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အလားတူ နန်းရွာကုန်းရွာတွင်လည်း ဓမ္မာရုံနဲ့ အိမ်နှစ်လုံး၊ ရေတွင်း တစ်ခု ပျက်စီးသွားခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းရွာနှစ်ရွာ၏ အဆောက်အဦးပျက်စီးမှုမှာ ၄၁ လုံးရှိကြောင်း သိရသည်။

“ ဒီကနေ့ (ဇွန် ၁၁)နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ လူတွေကတော့ နည်းနည်းပါး ဒဏ်ရာရတာတွေတော့ရှိပါတယ်။ အိမ်တွေကလည်း ခေါင်းမိုးလန်တာတော့၊ ပြိုပျက်တာတို့ ဖြစ်သွားတာပေါ့။ လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အိမ်မှာနေထိုင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမြသန်း ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသူက ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...