စစ်တွေတွင် ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့် မက်လုံးပေးကာ ရဲတပ်သားသစ်ခေါ်ယူနေ

စစ်တွေတွင် ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့် မက်လုံးပေးကာ ရဲတပ်သားသစ်ခေါ်ယူနေ

ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့် မက်လုံးပေးကာ ရဲတပ်သားသစ်များ ခေါ်ယူနေကြောင်း သတင်းရရှိသည်။

အမည်မဖော်လိုသည့် စစ်တွေဒေသခံတစ်ဦးက “ငွေ ၅ သိန်းနဲ့ ဆန် တစ်အိတ်ပေးမယ်။အသက်အရွယ်မရွေး ကြီးကြီးငယ်ငယ်ဝင်နိုင်တယ်လို့ ပြောတယ်။ တချို့လည်း စားဝတ်နေရေးအခက်အခဲကြောင့် ဝင်ကြတာ ရှိတယ်” ဟု ဆိုသည်။

စစ်တွေမြို့ရှိ ဓမ္မရိပ်သာဘုန်းကြီးကျောင်းတွင် ရဲစခန်းအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ထားပြီး အဆိုပါရဲစခန်းမှနေ၍ လူသစ်များကို ခေါ်ယူစုဆောင်း နေသည်ဟု သိရသည်။

“ ရဲအင်အားကို ပြည်မဘက်ကလည်း  မဖြည့်တင်းနိုင်တော့ဘူး။ ရဲကို ဝင်မယ့်သူလည်း မရှိတော့ဘူး။ ဒီအထဲ ထွက်ပြေးမှုတွေပါရှိတော့ ရဲက အင်အားမရှိဖြစ်လာတယ်။ ဒီတော့ ရဲတပ်သားသစ်တွေကို အသက်အရွယ်အကန့်အသတ်မရှိ ခေါ်ယူစုဆောင်းနေတာဖြစ်တယ်” ဟု ပြောသည်။  

လက်ရှိတွင် စစ်တွေမြို့တွင် ရဲတပ်သားအသစ်ရော၊ အဟောင်းများကိုပါ သင်တန်းပေးနေပြီး ကြံ့ခိုင်ရေး ပါတီဝင်အချို့လည်း အင်အားဖြည့် သင်တန်း တက်နေသည်ကို မြင်တွေ့ရသည်ဟု  စစ်တွေဒေသခံအမျိုးသမီးတစ်ဦးကလည်းနိရဉ္စရာကို ပြောသည်။

 “ ရဲ အသစ်တွေရော အဟောင်းတွေကိုပါ စစ်သင်တန်းပေးနေတာတွေကိုလည်း တွေ့ရပါတယ်။စစ်သင်တန်း တက်ကြတဲ့အထဲမှာ တခါတလေ စစ်တွေက ကြံ့ခိုင်ရေးပါတီဝင်တွေလည်းပါတယ်။ ဒါဟာ တကယ့်တကယ် တိုက်ပွဲဖြစ်လာရင် ရခိုင်အချင်းချင်းချခိုင်းမယ့်အကွက်လို့မြင်ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ကို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသဖြင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့်စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသည့် စစ်တွေဒေသခံများကိုစစ်ရေးအတွက်အသုံးချရန် မက်လုံးပေး စည်းရုံးခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်ဟုသိရသည်။  

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...