ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ထားစည်းပြီးဟု မွန်ဝန်ကြီးချုပ်ပြော

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ထားစည်းပြီးဟု မွန်ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့စည်းမျည်းအရ ကြီးကြပ်ရေးအဖွဲ့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်သူ နှစ်ဦး၊ မွန်ပြည်နယ် သာသနာရေးမှူး၊ ကျိုက်ထိုမြို့နယ်အတွင်းနေထိုင်သူ မြို့မိမြို့ဖ နှစ်ဦး၊ ဂေါပကအဖွဲ့က ရွေးချယ်ပေးသည့် ဂေါပကအဖွဲ့နှစ်ဦး စုစုပေါင်း ခုနှစ်ဦးနှင့် ဖွဲ့ရကြောင်း ၎င်းက ပြောသည်။

“ဂေါပကအဖွဲ့ဖွဲ့ဖို့ လိုအပ်လာတဲ့အတွက်ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီဌာနကို စာတင်ရတယ်၊ ဘာလို့လဲဆိုတော့ သူကလဲ နာယကအဖွဲ့ဝင်ထဲမှာပါတာကို ဝန်ကြီးကို စာတင်ရတယ်၊ ကျွန်တော်တို့ ဒီလိုမျိုး ဂေါပကအဖွဲ့ဖွဲ့တော့မယ်၊ စတင်ပြီးတော့ သူကလဲ သဘောတူတယ်၊ သဘောတူတော့ သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဌာနကို စာတင်ရတယ်၊ အကြောင်းကြားရတယ်၊ ဂေါပကဖွဲ့မယ်ဆိုပြီ သူတို့ကလဲ သဘောတူတယ်၊ အရေးအကြီးဆုံးအချက်က မြို့နယ်သံဃာ့နာယကအဖွဲ့က သဘောထားကို ယူဖို့လိုတယ်၊ သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့က သဘောထားကို ယူဖို့လိုတယ်”ဟု ဒေါက်တာအေးဇံက ဆိုသည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော်ကြီးများကို ဂေါပကအဖွဲ့အသစ်ဖွဲ့ရန် ဆရာတော်ကြီးတို့ သဘောတူပါသလား သွားလျှောက်ရပြီး သဘောတူချက်ရလျှင် ပထမဦးဆုံး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရကြောင်း၊ ကြီးကြပ်ရေးအဖွဲ့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပက စည်းမျည်း စည်းကမ်းအတိုင်း ဂေါပကအဖွဲ့ ရွေးချယ်ရကြောင်း ၎င်းက ပြောဆိုသည်။

“ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ပြန်ဖွဲ့ပေး တောင်းဆိုလာတယ်၊ ဘယ်သူတောင်းဆို မှန်းလဲ မသိဘူး၊ တစ်လအတွင်း မလုပ်ပေးလို့ ဘယ်သူတိုင်မယ် ဒါကတော့ ပြောနေကြတာဘဲ၊ ပြီးခဲ့တဲ့နှစ်က ပြီးသွားပြီး ဂေါပကအသစ် လာတော့မယ်၊ ဂေါပကအသစ်ဖွဲ့မယ်၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဂေါပကအဖွဲ့ဖွဲ့ဖို့အတွက် သဘောတူထားတဲ့အတွက်ကြောင့် တစ်ဆင့်ပြီး တစ်ဆင့် လုပ်နေတယ်”ဟု ဒေါက်တာအေးဇံက ဆက်လက်ပြောသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့က လုပ်ထုံးလုပ်နည်းနှင့် အညီ ကျိုက်ထိုမြို့တွင် ကြေညာစာ ကပ်ရပြီး ဂေါပကအဖွဲ့ဝင် ဝင်ရောက်ရွေးချယ်မည့်သူ၏ အရည်အချင်း၊ မဲပေးပိုင်ခွင့် ဦးရေနှင့် လျှောက်လွှာများ လက်ခံရကြောင်း၊ ဂေါပကအဖွဲ့ဝင် ဝင်ရောက်ရွေးချယ်မည့်သူ၏ အရည်အချင်းနှင့် မဲပေးပိုင်ခွင့် ရှိမရှိ စိစစ်ရန် ကြီးကြပ်ရေးအဖွဲ့တွင် တာဝန်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ကြီးကြပ်ရေးအဖွဲ့သည် ဂေါပကအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းပြုနိုင်ရန် ဂေါပကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လိုသူများ ရက်ပေါင်း ၃၀ အတွင်း အမည်စာရင်း တင်သွင်းလျှောက်ထားနိုင်ကြောင်း အများပြည်သူသိရှိစေရန် ကြေညာရမည်ဟု ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ စည်းမျည်းတွင် ပါရှိသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...