လစ်လပ်နေသော လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၏ တာဝန်များကို စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်အား ပူးတွဲပေးအပ်

လစ်လပ်နေသော လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၏ တာဝန်များကို စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်အား ပူးတွဲပေးအပ်

ပါတီ၏ စီစဉ်မှုကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့သည်ဟုဆိုသော ဦးမင်းထင်အောင်ဟန် တာဝန်ယူခဲ့သည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၏ တာဝန်များကို ယင်းနေရာအတွက် အသစ်မခန့်အပ်မှီကာလအထိ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ပူးတွဲတာဝန်ထမ်းဆောင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စာထုတ် တာဝန်ပေးအပ်လိုက်သည်။

ဦးဝဏ္ဏကျော်သည် လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဦးမင်းထင်အောင်ဟန်၏ တာဝန်များဖြစ်သော လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနကိုပါ ထပ်မံတာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။

ဦးဝဏ္ဏကျော်သည် ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဝန်ကြီးချုပ်ဒေါက်တာအေးဇံမှာ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးဦးဝဏ္ဏကျော်တာဝန်ယူကိုင်တွယ်နေသည့် ဌာနများမှာ 

(၁) ပြည်နယ်စီမံကိန်းဦးစီးရုံး 

(၂) ဗဟိုစာရင်းအင်းအဖွဲ့ 

(၃) ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန 

(၄) ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန 

(၅) ပြည်တွင်းအခွန်များ ဦးစီးဌာန 

(၆) အကောက်ခွန်ဦးစီးဌာန 

(၇) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူးရုံး 

(၈) မြန်မာစီးပွားရေးဘဏ် 

(၉) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် 

(၁၀) ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန 

(၁၁) မြန်မာ့အာမခံလုပ်ငန်း 

(၁၂) ပင်စင်ဦးစီးဌာန 

(၁၃) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန 

(၁၄) အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန 

(၁၅) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန 

(၁၆) လူမှုဖူလုံရေးအဖွဲ့ 

(၁၇) ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန 

(၁၈) စားသုံးသူရေးရာဦးစီးဌာန 

(၁၉) ပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီတို့ဖြစ်ပြီး 

ထပ်မံတာဝန်ယူရမည့် ဌာနများမှာ 

(၁) လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း 

(၂) သထုံဓါတ်အားပေးစက်ရုံ 

(၃) မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း 

(၄) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန 

(၅) အမှတ်(၂၂)အထွေထွေအကြီးစားစက်ရုံ (ဘီးလင်း) (၅) အမှတ်(၂၁)အထွေထွေအကြီးစားစက်ရုံ(သထုံ) 

(၆) ကော့စတစ်ဆိုဒါစက်ရုံ (သထုံ) (စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း) 

(၇) အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း (ခရမ့်ရော်ဘာ) (သံဖြူဇရပ်) 

(၈) အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း (ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန) တို့ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ တာဝန်ခွဲဝေမှုဇယားအရ သိရသည်။

ဝန်ကြီးဦးဝဏ္ဏကျော်မှာ ပြည်နယ်အစိုးရအဖွဲ့တွင် ဌာန (၂၇)ခုကိုင်တွယ်ရသည့် ဒုတိယမြောက် ဝန်ကြီးဖြစ်လာပြီး ဌာနအများဆုံးတာဝန်ယူသူအဖြစ် (၂၉)ဌာနကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက တာဝန်ယူထားသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...