လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံနေသော မော်လမြိုင်အကျဉ်းထောင်၌ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိသောသတင်းသည့် မဟုတ်မှန်ဟု ပြည်နယ်ရဲမှူးပြော

လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံနေသော မော်လမြိုင်အကျဉ်းထောင်၌ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိသောသတင်းသည့် မဟုတ်မှန်ဟု ပြည်နယ်ရဲမှူးပြော

လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံနေသော မော်လမြိုင်အကျဉ်းထောင်၌ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိသောသတင်းသည့် မဟုတ်မှန်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး(ဦးစီး) ရဲမှူးမြင့်ဝင်းက ပြောသည်။

မူးယစ်ဆေးဝါး သတင်းအရ နေပြည်တော် အကျဉ်းဦးစီးရုံးချုပ်၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့ အင်အား ၃၀၊ မွန်ပြည်နယ် အကျဉ်းစခန်းများမှ အင်းအား ၅၀ နှင့် မော်လမြိုင်အကျဉ်းထောင်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တွေ့ရှိသည်ဟု လူမှုကွန်ရက် စာမျက်နှာ၌ ၂၀၁၈ ခုနှစ် မေလ ၁၄ ရက် ရက်စွဲဖြင့် သတင်းများ ပျံ့နှံခဲ့သည်။

“ဒီဖြစ်စဉ်မျိုး မရှိပါဘူး။ ကျနော်တို့ အကျဉ်းထောင်ထဲ ဝင်ရောက် ဖမ်းဆီးတာလည်း မရှိဘူး”ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး(ဦးစီး) ရဲမှူးမြင့်ဝင်းက ဆိုသည်။ယင်းသတင်းကြောင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သတင်းတိုင်းကိုလည်း ပြည်သူလူထုက စဉ်စားတွေးခေါ်ကာ ယုံစေချင်ကြောင်း ၎င်းက ပြောဆိုသည်။

“ဖြစ်စဉ်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖြစ်သွားတာပေါ့၊ ဖြစ်သွားတဲ့အခါမှာ တတ်နေတဲ့ သတင်းပါနေတဲ့သူတွေကို ဌာနဆိုင်ရာစစ်ဆေးမှုတွေ လုပ်ပြီးတော့မှ အကုန်လုံး အရေးယူဆောင်ရွက်တဲ့ အနေအထားမျိုးဖြစ်ပါတယ်၊ အခုလက်ရှိမှာတော့ ဘာမှမရှိပါဘူး။ ဖြစ်လည်း မဖြစ်ပွားပါဘူး”ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ဆိုသည်။

မော်လမြိုင် အကျဉ်းထောင်အတွင်း ၂၀၁၆ ခုနှစ် မေလအတွင်း၌ ထောင်အရာရှိများ ကိုယ်တိုင် မူးယစ်ဆေးဝါးများ သုံးစွဲ ဖြန့်ဖြူးနေကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနချုပ်မှ ဝင်ရောက် ရှာဖွေခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့သော ၂ နှစ်က ဖြစ်ပွားခဲ့သောသတင်းကု်ိ ၂၀၁၈ ခုနှစ် မေလ ၁၄ ရက် ရက်စွဲဖြင့် ပြန်တင်ကာ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခဲ့သူများကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...