မွန်ပြည်နယ်တစ်ပြည်နယ်လုံး ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ် မဆောင်းမနေရဖြစ်အောင် လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် ပြော

မွန်ပြည်နယ်တစ်ပြည်နယ်လုံး ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ် မဆောင်းမနေရဖြစ်အောင် လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် ပြော

မွန်ပြည်နယ်တစ်ပြည်နယ်လုံး ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ် မဆောင်းမနေရဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နမဝပုံမှန်အစည်းအဝေး (စတုတ္တနေ့)အပြီးတွင် သတင်းမီဒီယာများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

“တစ်ပြည်နယ်လုံး ဦးထုပ်မဆောင်းမနေရ ဖြစ်အောင်ကို လုပ်ကိုလုပ်လုပ်မှာ၊ အခုလောလောဆယ် ဆိုင်ကယ်တွေကို ဦးထုပ် စည်းကမ်းကြအောင်လုပ်မယ်” ဒေါက်တာအေးဇံက ပြောသည်။

ထိုင်းနိုင်ငံ ဆိုင်ကယ်နံပါတ်ပြားများ တပ်ဆင်ထားလျှင် အမေးအမြန်းမရှိဘဲ ချက်ချင်းအပြီး သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သင်္ကြန်အတွက်လဲ အရေးကြီးတဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြနော်၊ နဂိုတုန်းက အဖွဲ့နှစ်ဖွဲ့၊ ခုဟာက နောက်ထပ် လေးဖွဲ့ဆိုတော့ မော်လမြိုင်တွင် ခြောက်ဖွဲ့ထပ်ဖွဲ့ပြီး ထပ်ပြီးတော့ အရေးယူမှုတွေ ဆက်ပြီးတော့ လုပ်ဆောင်မယ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းကြပါ၊ ဘက်မှန်တွေ တတ်ကြပါ”ဟု ဒေါက်တာအေးဇံက ပြောသည်။

အရေးယူမှုများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ခဏတဖြုတ်လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် လနှင့် ချီပြီး မွန်ပြည်နယ် တစ်ပြည်နယ်လုံး အရေးယူမှုများ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်စီးနင်သူများကို မတ်လ ၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ မွန်ပြည်နယ် ယာဉ်၊ လမ်းအန္တရာယ်ကာကွယ်တားဆီးရေးအဖွဲ့က ပညာပေးကာလပေးမှုများ လုပ်ခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၉၅၁ မှုရှိပြီး ဆိုင်ကယ်တိုက်မှု ၅၄၀ မှုရှိရာ ဒဏ်ရာရရှိသူ ၉၃၆ ဦးနှင့် သေဆုံးသူ ၂၁၉ ဦးရှိကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...