နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း မဟုတ်ဟု ဦးကိုကိုကြီး ပြော

နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း မဟုတ်ဟု ဦးကိုကိုကြီး ပြော

နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်း မဟုတ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ (မွန်ပြည်နယ်)ရုံး ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။

“နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းလေ အဓိပ္ပါယ်ဖွင့်ရင် နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုပေးတာပါပဲ။ တကယ်တော့ နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်းမဟုတ်ဘူး။ စပါးထွက်အောင်၊ စက်ပစ္စည်းတွေ ထွက်အောင်လုပ်တဲ့ လုပ်ငန်းမဟုတ်ဘူး။ သို့သော် ဒေသခံပြည်သူတွေအတွက် ကျွန်တော်တို့က ဘာဝန်ဆောင်မှုတွေ ပေးနိုင်မလဲ။ ဒေသခံပြည်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ ဘာတွေဖြည့်စည်းပေးနိုင်မလဲ။ ဘာတွေ အကာအကွယ်ပေးနိုင်မလဲ။ အဲ့ဒါတွေလုပ်ဖို့က ကျွန်တော်တို့ နိုင်ငံရေးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

တိုင်းရင်းသားများ ရှိသော ဒေသများတွင် တိုင်းရင်းသားများ၏ အခွင့်အရေး၊ တန်းတူညီမျှမှု၊ အကာအကွယ်ရရှိမှု ဆောင်ရွက်ပေးခြင်းသည် နိုင်ငံံရေးပါတီ၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပါတီမထောင်ပဲနဲ ့လုပ်လို့ မရဘူးလားမေးလာရင် လွန်ခဲ့တဲ့ နှစ် ၃၀ လုံး ပါတီမထောင်ပဲနဲ ့လုပ်ခဲ့ပါတယ်။ သို့သော် ဘာကွာသလဲဆိုရင် တရားဝင်ပြောရေးဆိုခွင့်က တရားဝင်နိုင်ငံရေးပါတီ တစ်ရပ်အနေနဲက ဒီနိုင်ငံရေးပါတီရဲ့သဘောထား၊ အကြံပြုချက်၊ အယူအဆတွေကို တရားဝင် ပြောရေးဆိုခွင့့်ရတယ်။ တကယ်လို့ ပြည်သူက ယုံကြည်လို့ ကိုယ်စားလွှဲအပ်ပြီး တာဝန်ပေးလိုက်ပြီးဆိုရင် ကိုယ့်ရဲ့ စိတ်စေတနာအယူအဆတွေကို မူဝါဒဖြစ်လာအောင်၊ ဥပဒေတွေဖြစ်လာအောင် ကာယကံမြောက် ကိုယ်တိုင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရလာမယ်”ဟု ဦးကိုကိုကြီးက ဆက်လက်ပြောသည်။

နိုင်ငံရေးပါတီထူထောင်ရသည့် အဓိကအကြောင်းအရင်းမှာ ခက်ခဲပင်ပန်း ကြမ်းတမ်းမှုများကို နောက်မျိုးဆက်များ မခံစားစေချင်ကြောင်းနှင့် မတူကွဲပြားတာများကို ပူးပေါင်းဆောင်ရွက်နိုင်သော ငြိမ်းချမ်းသည့် နိုင်ငံရေးစနစ် ပေါ်ပေါက်လာစေရန်အတွက် ကြိုးစားဆောင်ရွက်ကြဖို ့လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ (မွန်ပြည်နယ်)ရုံး ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မွန်အမျိုးသားပါတီမှ ပြည်နယ်အဆင့် တာဝန်ရှိသူများလည်း တတ်ရောက်ခဲ့သည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...