လူထုတွေ့ဆုံပွဲများပြီးမှ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဟုဆို

လူထုတွေ့ဆုံပွဲများပြီးမှ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဟုဆို
by -
စိုးသူအောင်

လူထုတွေ့ဆုံပွဲများ လွတ်လပ်စွာကျင်းပခွင့်ရရှိပြီးမှ မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း “ မွန်အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ“ အဖွဲ့ဝင်မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဝင်းလှကပြောဆိုလိုက်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ “ကို မတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းပေး လိုက်သော်လည်း လူထုတွေ့ဆုံပွဲများပြုလုပ်သည့်နေရာတွင် အခက်ခဲများရှိနေခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ဆိုသည်။

“ လူထုတွေ့ဆုံပွဲတွေမဖြစ်သေးလို့လေ။ လူထုတွေ့ဆုံပွဲတွေကျင်းပပြီးမှပဲ ဆက်လုပ်ဖို့ဆန္ဒရှိတော့ ပြီးမှပဲ ဆက်ပြီးတော့ ကျင်းပဖြစ်မှာပေါ့” ဟုနိုင်ဝင်းလှကပြောသည်။

မည်သည့်အချိန်ခန့့်တွင်လုထုတွေ့ဆုံပွဲများကျင်းပပြီးစီးရန်မျှော်မှန်းထားသနည်းဆိုသည့်မေးခွန်းကို “ ကျွန်တော်တို့ လည်းဖြေရခက်နေတယ်။ လုပ်ခွင့်ပြုတာ မပြုတာက အစိုးရအပိုင်းနဲ့ တပ်အပိုင်းပဲ သူတို့အလုပ်ပဲယူဆတယ်လေ “ ဟု၄င်းကဆက်လက်ပြောသည်။

မွန်အမျိုးသားအဆင့် ဆွေးနွေးပွဲကို မူလက ဧပြီလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။

၂၁ ပင်လုံညီလာခံတွင် တင်ပြရမည့် အချက်အလက်များအတွက် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်များ၏နယ်မြေများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် NCA စာချုပ် တွင်ဖော်ပြထားသည်။

ထိုကဲ့သို့အမျိုးအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက် လူထုတွေ့ဆုံပွဲများသည် အရေးပါသော အခန်းဏ္ဍတွင်တည်ရှိနေသည်။

မွန်ပြည်သစ်ပါတီ(NMSP) သည် ဖဖော်ဝါရီ ၁၃ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ကိုရေးထိုးထား သည့်အဖွဲ့လည်းဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...