မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဖွဲ့စည်း

မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဖွဲ့စည်း

မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်ရေးကော်မတီကို အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီက ကြေငြာခဲ့သည်။

အဖွဲ့တွင် ပါဝင်သူများမှာ ဒေါ်စံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး)၊ ဗိုလ်မှူးကြီးတင်ထွဋ် (တပ်မတော်သားကိုယ်စားလှယ်)၊ ဒေါက်တာခင်ဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ နိုင်ဝင်းလှ၊ နိုင်အောင်မငေး (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်)၊ ပဒိုစောလှထွန်း (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်)၊ ဒေါက်တာအောင်ထွန်းခိုင် (နိုင်ငံရေးပါတီ)၊ မင်းကျော်ဇေယျာဦး(နိုင်ငံရေးပါတီ)၊ နိုင်ချမ်းမြင့် (နိုင်ငံရေးပါတီ)တို့ ဖြစ်ကြသည်ဟု ကြေငြာစာတွင် ဖော်ပြထားသည်။

အဖွဲ့ဝင် ကိုးဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၃)ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၁)ဦး၊ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် (၂)ဦး၊ ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်(၁)ဦး၊ မွန်အမျိုးသားပါတီကိုယ်စားလှယ်(၁)ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်(၁)ဦးတို့ ပါဝင်သည်။

လူမျိုးအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကဏ္ဍလေးခုကို ဦးတည်ဆွေးနွေးရမည်ဖြစ်ပြီး (၁) နိုင်ငံရေးကဏ္ဍ (၂) လူမှုရေးကဏ္ဍ (၃) စီးပွားရေးကဏ္ဍ (၄) မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိကြောင်း လုပ်ငန်းလမ်းညွှန်အရသိရသည်။

ဆွေးနွေးပွဲ၏ ရလဒ်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီထံ သို့ တင်ပြသွားရန်ရှိသည်ဟု လုပ်ငန်းလမ်းညွှန်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...