ပြည်ထောင်စုအစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းပြီး မှုးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ဆောင်ရွက်သွားမည်ဟု ဆို

ပြည်ထောင်စုအစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းပြီး မှုးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ဆောင်ရွက်သွားမည်ဟု ဆို

ပြည်ထောင်စုအစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ မှုးယစ်ဆေးဝါးအန္တရာယ်များကို ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပသည့် (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်သစ် ငြိမ်းရေးရပြီးတော့ ပြည်နယ်အစိုးရနဲ့ရော ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီးတော့ လူငယ်တွေရဲ့တိုးတက်ဖွံ့ဖြိုးဖို့ ပညာဗဟုသုတအမျှော်အမြင်ရှိလာဖို့ ဒီမူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကိုကာကွယ်နိုင်ဖို့ ကျွန်တော်တို့ဟာ လက်တွဲပြီးတော့ ဆွေးဆွေးပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု နိုင်သက်လွင်က ပြောသည်။

မွန်ပြည်နယ်၏ ကံကြမ္မာသည် နောက်တတ်လာမည့် လူငယ်အပေါ်တွင် မျှော်မှန်း တမ်းတ ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခု ကျွန်တော်တို့ အများအာဖြင့် ကြားနေရတဲ့ အရပ်ရပ် အနယ်နယ်ကရွာတွေမှာ လူငယ်တွေဟာ အများအားဖြင့် စိတ်ဓာတ် အကျင့်တွေ စာရိတ္တအများကြီး ယိုယွင်းနေတာကို ကျွန်တော်တွေရှိရပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ အခုလူကြီးတွေရဲ့သက်တမ်းကုန်သွားရင် နောက်တတ်လာမယ် ကျွန်တော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ လူငယ်တွေရဲ့ လက်ထဲမှာဘဲရှိတယ်”ဟု နိုင်သက်လွင်က ပြောဆိုသည်။

မွန်ပြည်နယ်သည် အခြားပြည်နယ်များနှင့် တိုးတတ်ဆိုပြီး နောက်တတ်လာမည့် လူငယ်များ၏ အခန်းကဏ္ဍာကို စဉ်စားဆင်ခြင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် မွန်ပြည်နယ်အဖြစ် သတ်မှတ် ဖြစ်တည်ရေးကို စတင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတွင် စတင်ကမ္ဗည်းတင်ရေးသားခဲ့သည့် မတ်လ ၁၉ ရက်နေ့ ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...