မွန်ပြည်သစ်နှင့် KNU တို့ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်မည်

မွန်ပြည်သစ်နှင့် KNU တို့ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်မည်
KNU နှင့် NMSP ခရိုင်အဆင့်ဆွေးနွေးပွဲ(photo: MNA)
KNU နှင့် NMSP ခရိုင်အဆင့်ဆွေးနွေးပွဲ(photo: MNA)

ဘုရားသုံးဆူမြို့၊ မွန်ပြည်သစ်ဆက်ဆံရေးရုံးတွင် မတ်လ ၁၃ ရက်နေ့၌ မွန်ပြည်သစ်ပါတီနှင့် KNU တွေ့ဆုံခဲ့စဉ် နှစ်ဘက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်သွားရန် ညှိနှိုင်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။

“ကျွန်တော်တို့အဖွဲ့ ၂ ဖွဲ့နဲ့ အတူ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသခံတွေ ပါဝင်ပြီး သူတို့တွေရဲ့ စိုးရိမ်မှုတွေ ပပျောက်အောင်ရယ်၊ နယ်မြေအေးချမ်းမှုကို ဦးတည်တဲ့ ရှင်းလင်းပွဲတွေကို မကြာခဏပြုလုပ်သွားဖို့အတွက်ပါ။ အဲ့ဒီလိုအမြဲတမ်းလုပ်သွားမယ်ဆိုရင်တော့ နှစ်ဖက်တင်းမာမှုတွေလျော့ပြီး ကြီးတဲ့ကိစ္စတွေငယ်သွားမှာ”ဟု နိုင်ဝင်းလှက ဆိုသည်။

နှစ်ဘက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုများ ဖြေရှင်းနိုင်ရန် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဌ ဗဒိုစောရွှေမောင်းတို့အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဥက္ကဌ နိုင်ဉာဏ်ထွန်းဦးဆောင်သော အဖွဲ့တို့က ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

“နှစ်ဖက်မပြေလည်တဲ့အပိုင်းတွေ နည်းနည်းပါးပါးရှိခဲ့တာတွေကို ပြေလျော့အောင်နဲ့ နောက်မဖြစ်အောင်လို့ လုပ်ဆောင်သင့်တဲ့ဟာတွေကိုပဲ ချမှတ်နိုင်ခဲ့တယ်” ဟု မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီမှ သိမ်းဆည်းရမိခဲ့သော AK-47 သေနတ်တစ်လက်၊ M-79 သေနတ်တစ်လက်နှင့် သစ်ထမ်းသမားတစ်ဦးကို KNU တပ်မဟာ (၆) တပ်ရင်းမှူးထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် လက်မှတ်ရေးထိုးပြီး ရေးမြို့နယ် ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးတွင် ဖေဖေါ်ဝါရီလ ၂၄ ရက်က မွန်ပြည်သစ်ပါတီနှင့် KNU တို ့ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့ရှိ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်က မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး စစ်ဆင်ရေးကွပ်ကဲရေးမှူးတို ့အပါအဝင် မွန်ပြည်သစ်ပါတီနှင့် KNU နှစ်ဖက်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို ့နယ် အလယ်ခန်းကျေးရွာအနီးတွင် မတ်လ ၄ ရက် နံနက်ပိုင်းက တစ်ကြိမ်၊ မတ်လ ၅ ရက် နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးတွင် တစ်ကြိမ် နှစ်ဘက်တပ်များ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...