ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆုကို အမျိုးသမီးအခွင့်အရေးအတွက် လုပ်ဆောာင်သည့် မွန်တိုင်းရင်းသူ ဒေါ်ခင်သန်းထွေရရှိ

ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆုကို အမျိုးသမီးအခွင့်အရေးအတွက် လုပ်ဆောာင်သည့် မွန်တိုင်းရင်းသူ ဒေါ်ခင်သန်းထွေရရှိ
မွန်ပြည်နယ်လုံးဆိုင်ရာအမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့ ဥက္ကဌဒေါ်ခင်သန်းထွေ
မွန်ပြည်နယ်လုံးဆိုင်ရာအမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့ ဥက္ကဌဒေါ်ခင်သန်းထွေ

ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆိုကို လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် မွန်တိုင်းရင်းသူတစ်ဦးဖြစ်သည့် အမျိုးသမီးအခွင့်အရေးလှုပ်ဆောင်သူ ဒေါ်ခင်သန်းထွေးရရှိကြောင်း သိရသည်။
 

ဒေါ်ခင်သန်းထွေးသည် မော်လမြိုင်မြို့အခြေစိုက် မွန်ပြည်နယ်လုံးဆိုင်ရာအမျိုးသမီးများနှင့် ကလေး သူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့ ၏ ပြည်နယ်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် များစောင့်ရှောက်ရေးကော်မတီတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်ပါသည်။

“ဒီဆုကိုရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ တကယ်တော့ ဒီလူ့အခွင့်အရေးကာကွယ်စောင့် ရှောက်ရေးကို လုပ်ဖြစ်ခဲ့တာကလည်း ကျွန်မရဲ့ အတွေ့အကြုံအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေ တစ်နေ့တခြားဆိုးရွားလာတဲ့အပေါ် လုံးဝလက်ပိုက်ကြည့်မနေနိုင်တော့လို့ ငွေအား၊ လူအား စွမ်းသလောက် လုပ်ဆောင်ဖြစ်ခဲ့တာပါ”ဟု ဒေါ်ခင်သန်းထွေးက ပြောသည်။

ဒေါ်ခင်သန်းထွေးသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံ ရသော အမှုပေါင်း (၈၄၂)မှုကို လိုက်ပါကူညီခဲ့သည်။

၂၀၁၈ ခုနှစ်အတွက် EU Schuman လူ့အခွင့်အရေးဆုကို ရရှိခဲ့သည့် ဒေါ်ခင်သန်းထွေးအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းများအတွက် ယခုလိုပြောပါသည်။

“ရှေ့ဆက်ပြီးလည်း အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်မခံနိုင်တဲ့အုပ်စု တွေ အတွက် ဖြစ်ပြီးမှ ကာကွယ်ဖို့ထက် မဖြစ်ခင် ကြိုတင်ကာကွယ်သွားနိုင်အောင် ဆက်ပြီး ကြိုးစားသွား ပါမယ်။ အဲ့ဒီအပေါ်မှာ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေရဲ့ အားနည်းချက်တွေကို သေချာဆန်းစစ် လေ့လာပြီး နိုင်ငံတော်အစိုးရရဲ့ မူဝါဒအပြောင်းအလဲကို ဦးတည်ပြီးဆောင်ရွက်သွားပါမယ်” ဟု သံလွင်တိုင်းမ် ကိုပြောသည်။

ယမန်နှစ်ကလည်း လုပ်ကြံခံခဲ့ရသည့် ရှေ့နေကြီး ဦးကိုနီ၊ ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်ဂျာနန်နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းတို့မှလည်း ယင်းဆုကို လက်ခံရရှိခဲ့သေးသည်။

 

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...