နှစ်(၁၀၀) ကျော်သက်တမ်းရှိ သစ်သားတံတားကို ကွန်ကရစ်ဖြင့် အစားထိုးမည်

နှစ်(၁၀၀) ကျော်သက်တမ်းရှိ သစ်သားတံတားကို ကွန်ကရစ်ဖြင့် အစားထိုးမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက် အုန်းတောရပ်ရှိ သာဒွေးလမ်းခြားနှင့် ပန်းဘဲတန်းလမ်းခြားကို ဖြတ်ကာ ဆောက်လုပ်ထားသည့် နှစ်(၁၀၀) ကျော်သက်တမ်းရှိ သစ်သားတံတားကို ဖျက်ပြီး ကွန်ကရစ်တံတားဖြင့် အစားထိုးဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

တံတားကို ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် စည်ပင်ဌာနမှတာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး တံတားအရှည်မှာ ၃၈၂ ပေဖြစ်ကာ အကျယ်မှာ ၇ ပေဖြစ်သည်။

လက်ရှိတွင် တံတားမှာ ဆွေးမြေ့နေပြီး လမ်းနေပြည်သူများမှ တနိုင်တပိုင်ပြန်လည်ပြင်ဆင်ပြီး ကာလအတန်ကြာအသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။

"ငယ်ငယ်ထဲက ဒီတံတားပေါ်မှာနေပြီး ကြီးပြင်းလာတာဆိုတော့ ခုလို ဒီတံတားဖျက်လိုက်တာ စိတ်ထဲမကောင်းဘူး။ သစ်သားနဲ့ပဲပြန်ဆောက်စေချင်တာ။ ကုန်ကျစရိတ်ကများတော့ ကွန်ကရစ်ပဲ ဆောက်ရတာပေါ့"ဟု တံတားအနီးနေထိုင်သူ တစ်ဦးကပြောသည်။

ယခုအခါ တံတားဆောက်လုပ်မှုစတင်နေပြီဖြစ်သည်။

Most read this week

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...