ရိခေါဒါရ်တွင် ယခင်နှစ်များထက် ဖရဲသီးစျေးကွက် မြင့်တက်လာ

ရိခေါဒါရ်တွင် ယခင်နှစ်များထက် ဖရဲသီးစျေးကွက် မြင့်တက်လာ

မြန်မာ-အိန္ဒယနယ်စပ် ရိခေါဒါရ်မြို့တွင် ယခင်နှစ်များထက် ဖရဲသီးစျေးကွက် တင်ပို့ရောင်းချမှု ပိုမိုမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ 

ဖရဲသီးကုန်သည်တစ်ဦးဖြစ်သည့် Lalpeklawama က "ကျွန်တော်တို့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ အနီးတစ်ဝိုက်က ဖရဲသီးတွေကို ဝယ်ပြီးပို့တာ။ ဖရဲသီးတွေကို ရိခေါဒါရ်မြို့မှာ ဆိုရင် အလုံးအသေးအကြီး ပေါ်မူတည်ပြီးတစ်လုံး ကျပ် ၂၅၀၀ မှ ၄၀၀၀ ကျပ်အထိရောင်းရပါတယ်။ အခုဆောင်း အကုန်နွေဦးအဝင်ရာသီဆိုတော့ ဖရဲသီးဝယ်လိုအား ပိုတိုးလာပါတယ်" ဟု ပြောသည်။ 

ဦး Lalpeklawma ကဆက်ပြီး " စျေးကွက်တော့ ပုံမှန်လိုဖြစ်နေတယ်၊ ရာသီဥတုကလည်း ပူနေတယ်ဆိုတော့ ဖရဲသီး ကတော့ ရောင်းလို့ကောင်းတယ်၊ ပြီးတော့ နယ်စပ်မြို့ဖြစ်တဲ့ ရိမြို့ တစ်ခုတည်းမဟုတ်ပဲ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောက်မြို့အထိပါ တင်ပို့ရောင်းချတဲ့အတွက် အစျေးကွက်ပိုကောင်းတာဖြစ်တယ်၊ အိုင်ဇောလ်မှာက တစ်လုံးကို ရူပီး ၂၀၀ ပတ်ဝန်းကျင်ဖြင့် ရောင်းချလို့ရတယ်" ဟု ပြောသည်။

မြန်မာ-အိန္ဒယနယ်စပ်သို့ တင်ပို့ရောင်းချသည့် ဖရဲသီးများကို ကလေးမြို့ဘက်မှ နေ့စဉ် မျမ်းမျှကား ၅ စီးခန့်ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။ 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...