ရိခေါဒါရ်တွင် ယခင်နှစ်များထက် ဖရဲသီးစျေးကွက် မြင့်တက်လာ

ရိခေါဒါရ်တွင် ယခင်နှစ်များထက် ဖရဲသီးစျေးကွက် မြင့်တက်လာ

မြန်မာ-အိန္ဒယနယ်စပ် ရိခေါဒါရ်မြို့တွင် ယခင်နှစ်များထက် ဖရဲသီးစျေးကွက် တင်ပို့ရောင်းချမှု ပိုမိုမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ 

ဖရဲသီးကုန်သည်တစ်ဦးဖြစ်သည့် Lalpeklawama က "ကျွန်တော်တို့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ အနီးတစ်ဝိုက်က ဖရဲသီးတွေကို ဝယ်ပြီးပို့တာ။ ဖရဲသီးတွေကို ရိခေါဒါရ်မြို့မှာ ဆိုရင် အလုံးအသေးအကြီး ပေါ်မူတည်ပြီးတစ်လုံး ကျပ် ၂၅၀၀ မှ ၄၀၀၀ ကျပ်အထိရောင်းရပါတယ်။ အခုဆောင်း အကုန်နွေဦးအဝင်ရာသီဆိုတော့ ဖရဲသီးဝယ်လိုအား ပိုတိုးလာပါတယ်" ဟု ပြောသည်။ 

ဦး Lalpeklawma ကဆက်ပြီး " စျေးကွက်တော့ ပုံမှန်လိုဖြစ်နေတယ်၊ ရာသီဥတုကလည်း ပူနေတယ်ဆိုတော့ ဖရဲသီး ကတော့ ရောင်းလို့ကောင်းတယ်၊ ပြီးတော့ နယ်စပ်မြို့ဖြစ်တဲ့ ရိမြို့ တစ်ခုတည်းမဟုတ်ပဲ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောက်မြို့အထိပါ တင်ပို့ရောင်းချတဲ့အတွက် အစျေးကွက်ပိုကောင်းတာဖြစ်တယ်၊ အိုင်ဇောလ်မှာက တစ်လုံးကို ရူပီး ၂၀၀ ပတ်ဝန်းကျင်ဖြင့် ရောင်းချလို့ရတယ်" ဟု ပြောသည်။

မြန်မာ-အိန္ဒယနယ်စပ်သို့ တင်ပို့ရောင်းချသည့် ဖရဲသီးများကို ကလေးမြို့ဘက်မှ နေ့စဉ် မျမ်းမျှကား ၅ စီးခန့်ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။ 

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...