ကလေးမြို့ရှိ တက္ကသိုလ် (၃) ခု၏ လိုအပ်ချက်များ ခြောက်လအတွင်း ဖြည့်ဆည်းမည်

ကလေးမြို့ရှိ တက္ကသိုလ် (၃) ခု၏ လိုအပ်ချက်များ ခြောက်လအတွင်း ဖြည့်ဆည်းမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များ၌ လိုအပ်ချက်များအတွက် အကောင်အထည်မှုကို ခြောက်လအတွင်း ဆောင်ရွက်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်းသိရသည်။

ကွန်ပျူတာတက္ကသိုလ်အတွက် ဧပြီလမှစတင်ပြီး ခြောက်လအတွင်း လေးခန်းတွဲ လေးထပ်တိုက် ဝန်ထမ်းအိမ်ယာ (၁) လုံးတည်ဆောက်ခြင်း၊ ကျောင်းသူ/သား ၄၀ ဆန့် အိပ်ဆောင် ၂ ထပ်တိုက် ၂ လုံး၊ တက္ကသိုလ်ဝင်း၌ ခြံစည်းရိုး၊ ဂိတ်သံပန်းတံခါး၊ ဂိတ်တဲတည်ဆောက်ခြင်း၊ ရှုမဝဆောင်ရေထိန်းနံရံတည်ဆောက်ခြင်း၊ ကျောင်းအဝင်လမ်း တစ်ဖက်ကွန်ကရစ်လမ်းခင်းခြင်း၊ ပင်မသုံးထပ်ဆောင်ရှေ့ ကွန်ကရစ်လမ်းခင်းခြင်းတို့ကို စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

နည်းပညာတက္ကသိုလ် အတွက် ၄ ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ယာ ၁ လုံး ဆောက်လုပ်ခြင်း နှင့် ကလေးတက္ကသိုလ်အတွက် ပြင်ပရေရရှိရေး၊ စက်ရေတွင်း ၁ တွင်းတူးဖော်ခြင်း၊ အဓိပတိလမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ အဓိပတိလမ်းမှ အားကစားရုံသို့ ကွန်ကရစ်လမ်းခင်းခြင်း၊ ၂ ခန်းတွဲ ၂ ထပ် ပါမောက္ခနေအိမ်တစ်လုံးတည်ဆောက်ခြင်း၊ ဘွဲ့နှင်းသဘင်ခန်းအတွက် အဲယားကွန်း၊ ရေပိုက်၊ မီးလိုင်း၊ မီးစက် များထားရှိဆောင်ရွက်ခြင်း၊ ကျောင်းသူ ၁၆၀ ဆန့်အဆောင် သံပန်းတပ်ခြံစည်းရိုးကာခြင်း နှင့် ပညာရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဝယ်ယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ယခုကဲ့သို့ တက္ကသိုလ်များ၏ လိုအပ်ချက်ဖြည့်ဆည်းရန် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ) ရှားမီးမှ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်သည်။

ကလေးမြို့ရှိ တက္ကသိုလ်များတွင် အဓိကအားဖြင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် မြောက်ပိုင်းဖက်ခြမ်းမှ ကျောင်းသူ/သားများ တက်ရောက်ကြသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...