ရွာ ၉ ရွာ မှီခိုအားထားသော အွမ်းလောင်းချောင်း ထိန်းသိမ်းမှုပြုလုပ်

ရွာ ၉ ရွာ မှီခိုအားထားသော အွမ်းလောင်းချောင်း ထိန်းသိမ်းမှုပြုလုပ်
by -
မူအက်စတာ
ရွာ ၉ ရွာ မှီခိုအားထားသော အွမ်းလောင်းချောင်း ထိန်းသိမ်းမှုပြုလုပ် (ဓါတ်ပုံ – မူအက်စတာ)
ရွာ ၉ ရွာ မှီခိုအားထားသော အွမ်းလောင်းချောင်း ထိန်းသိမ်းမှုပြုလုပ် (ဓါတ်ပုံ – မူအက်စတာ)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ရှိ ကျေးရွာများက ၎င်းတို့ အဓိက မှီခိုအားထားနေရသည့် အွမ်းလောင်းချောင်းကို ပြန်လည်ထိန်းသိမ်းရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ယနေ့အချိန်အထိ အားစိုက်လုပ်ဆောင်နေသည်။

သဘာဝမြစ်ချောင်းများ ရေရှည်တည်တံ့ပြီး ဒေသခံများကိုယ်တိုင် စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်လျှက် ကယားဖူးလူမှုအဖွဲ့အစည်းမှ ယင်းဒေသရှိ အွမ်းလောင်းချောင်းထိန်းသိမ်းရေးအစီအစဉ်အား ပံ့ပိုးကူညီထားသည်။

သုတေသနပြု လေ့လာချက်အရ ရေစီးလမ်းကြောင်းများ ပြောင်းလဲနေကာ သဘာဝအတိုင်းမှ သွေဖယ်နေသည့် အနေအထားကို ရောက်ရှိနေသည်ဟု ကယားဖူးလူမှုအဖွဲ့့အစည်း၏ ချောင်းထိန်းသိမ်းရေးစီမံကိန်း၏ ညှိနှိုင်းရေးမှူး ဦးဂျူးဘာရီက ပြောသည်။

“ဒေသခံတွေ ကိုယ်တိုင်လည်း ဒီချောင်းကို တန်ဖိုးထားတတ်ဖို့၊ ဒီချောင်း ရေရှည် ရှင်သန်နိုင်အောင် သူတို့နားလည်ဖို့ သူတို့သိရှိဖို့ ကျွန်တော်တို့ ထိန်းသိမ်းရခြင်းဖြစ်ပါတယ်”ဟု ဦးဂျူးဘာရီက ပြောသည်။

အွမ်းလောင်းချောင်းကို ယင်းအနီးအနားရှိ ကျေးရွာ ၉ ရွာမှ မှီခိုရသည်။ ယင်းစမ်းချောင်းကို လူနှင့် တိရိစ္ဆာန်အတွက် သောက်သုံးရေနှင့် အထွေထွေအသုံးပြုရာတွင် အားထားကြသည်။

နွေရာသီရေရှားပါးသည့်အချိန်တွင် အွမ်းလောင်းချောင်းသည် ၎င်းတို့အတွက် အလွန်အသုံးဝင်သည့်အပြင် တောင်သူလယ်သမားများအတွက် အဓိကမှီခိုအားထားရသည့်ချောင်းလည်း ဖြစ်သည်။

“လယ်ယာပိုင်းမှာဆိုလို့ရှိရင် ရှိတဲ့အဲ့ဒီ လယ်ချောင်းနံဘေးမှာ ရှိရင် အဲ့ဒီချောင်းနဲ့ပဲ အားကိုးရတာပေ့ါ။ တခြားချောင်းတစ်ချောင်းမှမရှိဘူး ပြောရမှာပေါ့။ ခမ်းသွားခဲ့ရင် ဘယ်လိုမှမတတ်နိုင်ဘူး”ဟု အွမ်းလောင်းချောင်းကို အမှီပြုနေသည့် ယပ်ခူကျေးရွာသား တစ်ဦးဖြစ်သူ ဦးစံသိန်းက ပြောသည်။

စမ်းချောင်းထိန်းသိမ်းရန် လူအားအပြင် စက်အားနှင့်လည်း ပြုပြင်သွားမည်ဖြစ်သော်လည်း ချောင်းပျက်စီးစေမည့် ပြုပြင်မှုမျိုး လုပ်ဆောင်မည်မဟုတ်ဘဲ သဘာဝအတိုင်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုပြင်မည်ဖြစ်ကြောင်း ဆိုသည်။

ဆောင်းရာသီအကုန် နွေအကူး ကာလအချိန် ရေပုံးမျာ၊ စက်၊ ထော်လာဂျီ၊ ကားများ ချောင်းအနီးတွင် ပြည့်နက်နေသည်။ ယင်းကျေးရွာများရှိ အိမ်အချို့တွင် အုတ်ရေကန်အကြီးဖြင့် မိုးရေများကို သိုလှောင်ထားကြသည်။ အုတ်ရေကန်မရှိသည့် အိမ်များမှာမူ ပလပ်စတစ်ပုံးများဖြင့် ရေကို သိုလှောင်ထားသည်။

အွမ်းလောင်းချောင်းသည် အလျားသည် ၁၀ မိုင်ရှိကာ ချောင်းအကျယ်မှာ ၇ ပေခန့်သာရှိသည်။ ယင်းပတ်ဝန်းကျင် တောင်ပေါ်ဒေသရှိ သဘာဝရေထွက်ပေါက်မှ စီးဆင်းလာဆင်းလာသော ရေများသည် အွမ်လောင်းချောင်းတွင် စီးဝင်သည်။ အွမ်းလောင်းစမ်းချောင်းသည် ဒေါဝယ်ကူးကျေးရွာရှိ ဂူအတွင်းသို့စီးဝင်ပြီး နမ့်စံဖူးရေထွက်တွင် ပြန်ထွက်ရှိလာသည့် လိုဏ်ဂူထဲသို့ ငုတ်ဆင်းသည့် မြေအောက်လျှိုဝင် စမ်းချောင်းအမျိုးအစားဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...