ဖလမ်း (Sim) မျိုးနွယ်၏ ဗြိတိသျှတပ်အား တော်လှန်သည့်နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ထူပွဲ အခမ်းအနား ဒုသမ္မတ ဖွင့်လှစ်မည်

ဖလမ်း (Sim) မျိုးနွယ်၏ ဗြိတိသျှတပ်အား တော်လှန်သည့်နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ထူပွဲ အခမ်းအနား ဒုသမ္မတ ဖွင့်လှစ်မည်

ဖေဖဝါရီလ ၂ နေ့တွင် ကျင်းပမည့် ဖလမ်း (Sim) မျိုးနွယ်၏ဗြိတိသျှတပ်အား တော်လှန်ခဲ့သည့်နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ပွဲ အခန်းအနားကို နိုင်ငံတော် ဒု-သမ္မတ Henry Van Thio က ဖွင့်လစ်မယ် ဖြစ်ကြောင်း I Love Myanmar Director Pi Levi Sap Nei Thang ထံမှ သိရသည်။

Pi Levi Sap Nei Thang က “ ဒီအခမ်းအနားကိုဒုသမ္မတက လာရောက်ဖွင့်လှစ်ပေးမယ်။ ကျောက်တိုင်စိုက် ထူမယ့်နေရာကို ကျွန်မက ဝယ်ထားတာဖြစ်တယ်။ အဲဒီနေရာကို ထိန်းသိမ်းဖို့အတွက် ဖြစ်မြောက်ရေး ကော်မတီတွေက တာဝန်ယူနိုင်ဖို့ကြိုးစားမယ်။ အခုလို ဖြစ်မြောက်လာဖို့အတွက် အစစအရာရာ ကျွန်မတို့ ကတာဝန်ယူတယ်။ ကုန်ကျတဲ့ ငွေကြေးကတော့ အတိအကျပြောရခက်တယ်။ အခုချိန်ထိတော့ သိန်းရာဂဏန်းကျော်ကုန်ပြီ၊ အခုလို ကျွန်မက တာဝန်ယူတာဟာ ဖလမ်း(Sim) မျိုးနွယ်စု အားလုံးကိုယ်စား လုပ်ပေးတာဖြစ်ပါတယ်” ဟုပြောသည်။

ဖလမ်း (Sim) မျိုးနွယ်က ဗြိတိသျှတပ်အား တော်လှန်ခဲ့သည့် အတွက် ဗြိတိသျှတပ်မှ အဆိုပါ မျိုးနွယ်စုအား လမ်းများဖောက်လုပ်ခိုင်းသည့်အတွက် Sim မျိုးနွယ်စု တော်လှန်ရေးသမားများစွာ သေဆုံးခဲ့ခြင်း၏ နှစ် ၁၀၀ ပြည့်အောက်မေ့ဖွယ် ကျောက်တိုင်စိုက်ထူခြင်း ဖြစ်သည်။

နိုင်ငံတော်ဒုသမ္မတ ဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လာရောက်ကြည့်ရှုရန် ချင်းပြည်နယ်သို့ လာမည်ဖြစ်ပြီး အဆိုပါခရီးစဉ်၌ ဖလမ်းမြို့သို့လည်း သွားမည် ဖြစ်ကာ ယခုကဲ့သို့ Sim မျိုးနွယ်စု၏ နှစ်တစ်ရာပြည့် ကျောက်တိုင်စိုက်ထူခြင်းကို ပါဝင်ဖွင့်လှစ်မည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသည့် Sim မျိုးနွယ်စုအချို့လည်း ယခုအခမ်းအနားအတွက် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ကျောက်တိုင်စိုက်ထူမှုကို Sim မျိုးနွယ်စု လမ်းဖောက်ခဲ့သည့် ဖလမ်းမြို့ပတ်လမ်း တွင်ပြုလုပ်မည်ဖြစ်သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...