ဖလမ်းမြို့တွင်း ရေပေးဝေရေး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု သတ်မှတ်ချက်နှင့်မညီဟု (FHP) ဆို

ဖလမ်းမြို့တွင်း ရေပေးဝေရေး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု သတ်မှတ်ချက်နှင့်မညီဟု (FHP) ဆို

လိုင်ဗား ရေလှောင်တံမံမှ ဖလမ်းမြို့တွင်းသို့ ရေပေးဝေနိုင်ရေး တာဝန်ယူဆောင်ရွက်နေသည့် Authentic Company ၏ ရေပိုက်လိုင်းများသွယ်တန်းမှု စံချိန်မမီ ဟုဆိုကာ ဖလမ်းမျိုးနွယ် စောင့်ရှောက်ရေးအဖွဲ့ (FHP) မှ လုပ်ငန်းရပ်တန့်ပြီး၊ သက်မှတ်ချက်နဲ့အညီ ပြန်လည်ဆောက်လုပ်ဖို့ ချင်းပြည်နယ်အစိုးရထံတောင်းဆိုကြောင်း သိရသည်။

ရေသွယ်ယူမှုနှင့်ပတ်သက်ပြီး [www.....company] မှ အင်ဂျင်နီယာများမှ စစ်ဆေးခဲ့ရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရကြောင်း အဆိုပါအဖွဲ့ထံသို့ အင်ဂျင်နီယာများမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖလမ်းမျိုးနွယ်စု စောင့်ရှေက်ရေးအဖွဲ့မှ ညှိနှိုင်းရေးမှုး Pu Khuang Lian က “ အင်ဂျင်နီယာ အဖွဲ့ကို အရည်အသွေးပြည်မီမှုရှိမရှိ တရားဝင်စစ်ဆေးခွင့် မထုတ်ပေးသေးတဲ့အတွက် ကျွှန်တော်တို့က အမြန်ဆုံးထုတ်ပေးဖို့ စာတင်ထားတယ်၊ တကယ်လို့ အဲဒီစာ မပါပဲ စစ်ဆေးလိုက်ရင်  Authentic Company က မတရားလုပ်နေဆိုပြီး ပြောနိူင်တယ်၊ Engineering ကလည်းကျွန်တော်တို့ အစည်းအဝေးလုပ်တိုင်း ပါဝင်ပေးတယ်၊ သူကလည်း ဖြစ်စဉ်အမှန်ကို ပြန်မျှဝေပေးတယ်” ဟုပြောသည်။

Authentic Co.,ltd Project manager ကို ရဲကြီးက ”ကျွန်တော်တို့ဘက်ကတော့ သက်မှတ်ချက်နဲ့ ကိုက်ညီပါတယ်၊ ကျွန်တော်တို့ကတရားဝင် လုပ်နေတာလည်းဖြစ်ပါတယ်၊ ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအဖွဲ့ စာတင်ထားတာတော့ ဘာမှတော့ မဖြစ်ပါဘူး၊ ဒါကတော့ သူ့ဟာသူ သက်ဆိုင်ရာ ပြည်နယ်အစိုးရးနဲ့ ဒီcompany ကလူကြီးတွေနှင့် သူတို့ဟာသူ ဆုံးဖြတ်သွားမှာပဲ၊ ကျွန်တော်တို့ အနေနဲ့တော့ ဘာမှပြောလို့ မရဘူး” ဟုပြောသည်။

Pu Khuang Lian က “ ကုမ္ပဏီက အလုပ်ကို မြန်မြန်ပြီးချင်တော့ ရေပိုက်လိုင်းတွေကို ကောင်းကောင်းမလုပ်ပဲ ကြိုက်သလိုလုပ်ကြတယ်လို့ယူဆတယ်။ အလုပ်ပြီးမှပဲ အရည်အသွေးပြည်မီမှုရှိမရှိ စစ်ဆေးခိုင်းချင်တဲ့ သဘောရှိတယ်၊ ဒီလိုသာဆိုရင် လုံးဝမရဘူး၊ အလုပ်ပြီးမှ ပိုက်လိုင်းတွေ ပြန်ထုတ်တယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ဘူး၊ အစိုးရပိုင်းကလည်း နားလည်ပေးလိုက်ကြအောင် နောက်နောင်မှာ ကောင်းကောင်းပြန်လုပ်လိုက်မယ် ဆိုတဲ့သဘောမျိုးရှိတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ ဆန္ဒကတော့ အလုပ်ကို ခေတ္တရပ်ဆိုင်းပြီး သတ်မှတ်တဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ပြန်လုပ်စေချင်တယ်” ဟုပြောသည်။

သူကဆက်ပြီး “ ပိုက်လိုင်းတွေကလည်း အထဲကနေတိုင်းရမယ့်ဟာကို အပြင်ကနေတိုင်းကြတော့ သက်မှတ်ချက်နဲ့ မကိုက်ညီဘူး၊ တကယ်တော့ မြို့မိမြို့ဖမှာ တာဝန်ပိုကြီးတာပေါ့၊ သူတို့ကလည်း ပြည်နယ်ထိ သွားကြတယ် ပြည်နယ်အစိုးရကလည်း လုပ်ပေးမယ်ဆိုပြီး ခုထိဘာမှမလုပ်ပေးကြဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကလည်း လုပ်ပေးနေတယ်၊ company ကိုလည်းပြောထားပြီးပြီလို့သာပြောတာ။ စည်ပင်ဝန်ကြီးကလည်း အဆင်ပြေမှာပါ၊ ဖလမ်းစည်ပင် ဥက္ကဌကလည်း ဒီကိစ္စကို ဆက်လုပ်သွားမှာပါ။ စိတ်ပူစရာမလိုဘူးလို့ အားပေးစကားလိုမျိုးပဲ ပြောတာ။ အဲလို စကားတွေကြားရတာထက် ဘာပဲဖြစ်ဖြစ် အရည်အသွေးမပြည့်မီပဲနဲ့ လုပ်ငန်းကို ဆက်လုပ်နေတာကတော့မဖြစ်သင့်ဘူး ထင်လို့ ကျွန်တော်တို့ထဲထဲဝင်ဝင် ပါဝင်နေတာဖြစ်တယ်” ဟုပြောသည်။

လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့တွင်း သို့ရေပေးဝေနိုင်ရန်အတွက် ကျပ်သိန်း ၅၅၀၀၀ အကုန်ကျခံ ဆောက်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းစာချုပ်အရ Authentic Company အနေဖြင့် ယခုနှစ်မတ်လအတွင်း အပြီးတည်ဆောက်ရမည်ဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...