ဘုံဇုံရွာအနီးတွင် လေယဉ်ကွင်း တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းမြေတိုင်းမှုများဆောင်ရွက်လျက်ရှိ

ဘုံဇုံရွာအနီးတွင် လေယဉ်ကွင်း တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းမြေတိုင်းမှုများဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဇုံကျေးရွာတွင် လေယဉ်ကွင်းတည်ဆောက်နိုင်ခြေ ရှိမရှိ အင်ဂျင်နီယာ အဖွဲ့များမှ မြေတိုင်းတာမှု၊ ခန့်မှန်းကုန်ကျငွေ တွက်ချက်မှုများ ဆောင်ရွက်နေကြောင်း ဇန်နဝါရီလ ( ၂၉) ရက်နေ့တွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကပြောသည်။

အဆိုပါ တိုင်းတာသည့်နေရာသည် ဘုံဇုံကျေးရွာမှ ခြောက်မိုင်အကွာ၊ Leium ကျေးရွာ (ခ) မှ တစ်မိုင်အကွာတွင် တိုင်းတာမှုများဆောင်ရွက်ကြခြင်းဖြစ်သည်။

ဦးရွှေထီးယူက “ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လည်းသွားကြည့်ခဲ့ကြတယ်။ လေယဉ်ကွင်းအတွက် အဆင်ပြေမပြေလည်း အခုတိုင်းတာနေတုန်းဖြစ်တယ်။ ဘုံဇုံနဲ့ ခြောက်မိုင်လောက်ဝေးတယ်။ လေအွမ်ရွာ နားမှာ။ လေအွမ်ရွာ (ခ) နဲ့ဆို တစ်မိုင်လောက်ပဲဝေးတာ။ အခုမြေအနေအထားတွေလည်း တိုင်းတာနေတယ်။ ဘယ်လောက်အထိ အကုန်အကျများမယ်ဆိုတာမျိုးကအစ။ ငွေကြေးအရမ်းကုန် မယ်ဆိုရင်တော့ မတတ်နိုင်သေးရင် နောက်မှတည်ဆောက်မှာပေါ့” ဟုပြောသည်။

မြို့အဆင့်မြှင့်တင်ရန် ပြည်နယ်အစိုးရအနေဖြင့် အမှုတွဲ ဆောင်ရွက်ထားသည့် ကျေးရွာများတွင် ဘုံဇုံလည်း ပါဝင်ကြောင်း၊ ရနိုင်မည် မရနိုင်မည်မှာ ပြည်ထောင်စုအဆင့်က သတ်မှတ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အာမခံချက်ပေး၍မရကြောင်း သူကဆက်ဆိုသည်။

ဦးရွှေထီးယူက “ပြည်နယ်အစိုးရအနေနဲ့ ဘုံဇုံရွာကို မြို့အဆင့်တိုးမြှင့်ဖို့ အမှုတွဲလုပ်ပါတယ်။ အဲဒါ မြို့ပေးဖို့ ကိုက်ညီမှုရှိမရှိတော့ အများကြီး ကြည့်ရအုံးမှာပေါ့။ ကျွန်တော်တို့လည်းဘုရားမဟုတ်တော့  တကယ်ရမ ရတော့ ပြောလို့မရဘူး။ ပြည်ထောင်စုအဆင့်ဖက်က ကော်မတီတွေက ဆုံးဖြတ်ပြီးမှ လွှတ်တော်က အတည်ပြု ပေးရအုံးမှာဆိုတော့လေ” ဟုပြောသည်။

ဘုံဇုံကျေးရွာသည် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နှင့် နယ်နိမိတ်ထိစပ်ပြီး ပင်လယ်ရေပြင်အမြင့် ၁၀၁၅ ရှိကာ အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်းသိရသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...