လူသွားရန်ပင် အဆင်မပြေတော့သည့် Grace F.K ကုမ္ပဏီလမ်းဖောက်မှုအတွက် အချိန်မီပြုပြင်ပေးရန် ဒေသခံများတောင်းဆို

လူသွားရန်ပင် အဆင်မပြေတော့သည့် Grace F.K ကုမ္ပဏီလမ်းဖောက်မှုအတွက် အချိန်မီပြုပြင်ပေးရန် ဒေသခံများတောင်းဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပန်းအော့ရွာ – အမ်လောင်းရွာ – ဖွီရွာများအကြား ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်း Grace F.K ကုမ္ပဏီ မှ လမ်းဖောက်လုပ်ခဲ့မှုမှာ ယခု လူသွားရန်ပင် လုံးဝအဆင်မပြေသည့်အတွက် အချိန်မီ ပြန်လည်ပြုပြင်ပေးရန် ဒေသခံများမှ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ထံလိပ်မူပြီး စာရေးသားပေးပို့ကြကြောင်းသိရသည်။

ဒေသခံများကိုယ်စား လွှတ်တော်ဥက္ကဌထံ စာရေးသားပေးပို့သူ ဦးအွမ်ပိုင်းက “ အဲဒီကုမ္ပဏီအနေနဲ့ စက်လည်းမရှိဘူးထင်တယ်။ မင်းတပ်ဖက်မှာပဲ ငှားဖို့ဆိုပြီးပြန်ပြောတော့လေ။ အဲဒီလမ်းက မြေပြိုတာ ဒေသခံတွေကပဲ ဆိုင်ကယ်သွားလို့ရအောင် လမ်းနေရာလေးပြန်လုပ်ကြတာ။ အောက်ဖက်မှာဆိုရင်လည်း ပေ ၃၀၀ လောက်ချောက်ကနက်တယ်။ တစ်လောကပဲ လူတစ်ယောက်ပြုတ်ကျပြီး ဆေးရုံမှာအကြာကြီးနေလိုက်ရတယ်။ အခုက ဆိုင်ကယ်နဲ့လည်း အတော်သတိထားပြီး သွားနေရတယ်” ဟုပြောသည်။

လွှတ်တော်ဥက္ကဌထံ စာရေးသားပေးပို့ရာတွင် ကုမ္ပဏီအနေဖြင့် ကားလမ်းဖောက်လုပ်စဉ် ကမ်းပါးရံများကို Step မချပဲ ဖောက်လုပ်ခြင်း၊ ရေမြောင်းဖောက်လုပ်မှုမရှိခြင်း စသည်ဖြင့် အရည်အသွေးပြည်မီမှုမရှိသည်ကတစ်ကြောင်း၊ လွန်ခဲ့သည့် မိုးတွင်းကာလ မိုးရေတိုက်စားမှုကြောင့် တစ်ကြောင်း မြေပြိုမှု ကြီးမားစွာဖြစ်ပွားခဲ့သည့်အတွက် ယခုလူသွားရန်ပင် လုံးဝအဆင်မပြေကြောင်း ပါရှိသည်။

ထို့ကြောင့် လမ်းဖောက်လုပ်ခဲ့သည့် Grace F.K ကုမ္ပဏီလိမိတက်မှ အချိန်မီ ပြန်လည်ပြုပြင်ပေးရန် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအနေဖြင့် စိစစ်ဆောင်ရွက်စေလိုကြောင်း ဒေသခံများမှ ရေးသားပေးပို့ခြင်းဖြစ်သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...