မြန်မာနိုင်ငံတွင် ပထမဆုံးကြိမ်အဖြစ် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ချင်းမီဒီကွန်ယက်၊ မသန်စွမ်းအဖွဲ့တို့ ပူးပေါင်းပြီး လူမှုအဖွဲ့အစည်းများနှင့် မီဒီယာအကြား ရင်းနှီးမှု ပိုမိုခိုင်မာစေရန်ရည်ရွယ်လျက် ကလေးမြို့၊ ရှမ်းဟုန် ခန်းမတွင် ဇန်နဝါရီ ၁ရ ရက်နေ့၌ ဖိုရမ်စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်တွင် ချင်းပြညနယ်အတွင်းရှိ မြို့နယ်တိုင်း အရပ်ဘက်အဖွဲ့အစည်း၊ အမျိုးသမီး အဖွဲ့အစည်း၊ မသန်မစွမ်း အဖွဲ့အစည်း နှင့် ချင်း မီဒီယာအဖွဲ့အစည်း များပါဝင်မည် ဖြစ်သည်။
ချင်းမီဒီယာ ကွန်ယက်မှ အမှုဆောင် ဒါရိုက်တာ Robert က “ အခုလို ချင်းမီဒီယာတွေရယ်၊ ချင်းလူမှုအဖွဲ့အစည်းတွေရယ်၊ မသန်စွမ်းအဖွဲ့တွေ ပူးပေါင်းပြီး လုပ်တဲ့ဖိုရမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဆိုတော့ ဒီညီလာခံကနေ အများကြီးမျှော်လင့်ပါတယ်။ အဓိကတော့ မီဒီယာနဲ့ လူမှုအဖွဲ့အစည်းတွေကြား ဆက်ဆံရေးပိုပိုကောင်းမွန်လာဖို့က မီဒီယာက သတင်းဖက်ကနေ ရေးသားတင် ဆက်ဖို့ဆိုရင်လည်း အထောက်အကူအများကြီးဖြစ်စေတာပေါ့ေလ။ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း လုပ်လာနိုင်မယ်။ အခုဆိုရင် မသန်စွမ်းအဖွဲ့ တွေလည်း ပါတယ်ဆိုတော့ လက်ရှိအချိန်မှာ မသန်စွမ်းတွေရဲ့အရေးကို မီဒီယာတွေမှာ သိပ်ပြီးဖော်ပြတာ မျိုးမရှိဘူးပေါ့။ မီဒီယာတွေအနေနဲ့လည်း မသန်စွမ်းတွေရဲ့အခြေအနေကို ပိုပြီးရေးသားလာနိုင်မယ် လို့မျှော်လင့်ရတယ်” ဟု ပြောသည်။
ချင်းမီဒီယာကွန်ယက်နှင့် မသန်မစွမ်းအဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပထမ အကြိမ်မြောက် ဖြစ်သည်။
“အခုလို သုံးဖွဲ့ပေါင်းပြီး လုပ်တဲ့ညီလာခံအတွက်ဝမ်းသာမိတယ်။ ကျွန်တော်တို့မသန်စွမ်းတွေအနေနဲ့ တတ်နိုင် သလောက် ကြိုးစားပေမယ့် မီဒီယာတွေ၊ တခြားလူမှုအဖွဲ့အစည်းတွေသိနိုင်သလောက်ထိ မလုပ်နိုင်ဘူး။ ဒီတစ် ခေါက်ညီလာခံမှ မီဒီယာဖက်ကဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းဖြစ်ဖြစ် အယောက် ၁၅၀ ဝန်းကျင်တက် ရောက်တာဆိုတော့ မသန်စွမ်းကိစ္စဖြစ်ဖြစ်၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာြဖစ်ဖြစ် အများကြီးသိလာမယ် ဆိုတာသိရတော့ အများကြီးဝမ်းသာတယ်။ အခုလိုအများကြီးသိလာခြင်းအားြဖင့် မီဒီယာဖက်ကဖြစ်ဖြစ် သတင်းတွေထုတ်ဝေတဲ့အချိန်မှာ မသန်စွမ်းတွေရဲ့အရေးတွေကို ပိုရေးသားလာနိုင်ဖို့နဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့လုပ်ငန်းလုပ်တဲ့အချိန်မှာ မသန်စွမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး အများကြီးလုပ်ဆောင် လာနိုင်ဖို့ ဒီညီလာခံကနေ အများကြီး ဖြစ်မြောက်စေမယ်လို့အများကြီးေမျှာ်လင့်တယ်။
ဒီညီလာခံပြီးရင်လည်း ဒီကသိတဲ့ဟာကို ဒီမှာပြီးတာမဟုတ်ပဲ ကိုယ့်လုပ်ငန်းနဲ့ကိုယ်မြို့နယ်ြပန်ရောက် တဲ့အချိန်မှာ မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး မသန်စွမ်းကိစ္စလုပ်တဲ့အဖွဲ့တွေပဲလုပ်ပါစေဆိုတာမျိုးမဟုတ်ပဲ မသန်စွမ်းကိစ္စ ပိုမိုဖွံ့ဖြိုးလာဖို့မှာ အားလုံးပါဝင်လာဖို့နဲ့ သူတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ရလာနိုင်ဖို့ အတွက် ၊ ကျောင်းတွေတက်ရောက်နိုင်ဖို့အတွက် ၊ ဖွံ့ဖြိုးနိုင်ဖို့အတွက် ကိုယ့်ဒေသကိုယ့် အဖွဲ့အစည်းမှာ လုပ်ဆောင်ဖို့အတွက်ကို ပြောချင်တာဖြစ်ပါတယ်” ဟု မသန်မစွမ်း Associate Director ကို ဇိုစွ ကပြောသည်။
Chin Civil Society Network ၏ Program Director Salai Jocob Thang က “ချင်းလူမှုအဖွဲ့အစည်းများကွန်ယက်ရဲ့ဦးဆောင်မှုနဲ့ပဲဖြစ်ဖြစ်၊ ချင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ပြဲဖစ်ဖြစ် အဓိကတော့ မသန်စွမ်းအရေးဆောင်ရွက်တဲ့ (DDI) ကမသန်စွမ်းအရေးကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပိုမို အားကောင်းလာဖို့ဆောင်ရွက်တာဖြစ်တယ်။ ချင်းမီဒီယာတွေနဲ့ ချင်းလူမှုအဖွဲ့အစည်းတွေ တစ်စုတည်းအလုပ်လုပ်တဲ့ချိန်မှာ ကိုယ့်ဒေသရဲ့လိုအပ်ချက်တွေကို မီဒီယာကတစ်ဆင့် အများသိအောင်ရေးသားတင်ဆက်တာဖြစ်တဲ့အတွက်ကြောင့် ဒီသုံးဖွဲ့ပေါင်းပြီး လုပ်မယ်ဆိုရင် ကိုယ့်လူမျိုးတွေအတွက် ကောင်းကျိုးအများကြီးရှိမယ်လို့မျှော်လင့်တာဖြစ်တယ်။ မသန်စွမ်းတွေရဲ့အရေးကို မီဒီယာဖက်ကဖြစ်ဖြစ် အများကြီးရေးလာမယ်ဆိုရင် မသန်စွမ်းတွေရဲ့ အနာဂါအတွက် အများကြီးအထောက်အကူပြုမယ်လို့ေမျှာ်လင့်တယ်။ မသန်စွမ်းအရေးဆောင်ရွက် သူတွေကလည်း လူမှုအဖွဲ့အစည်းတွေပါပဲ။ ဒီလူမှုအဖွဲ့အစည်းတွေအားလုံးရဲ့အရေးနဲ့ လုပ်ငန်းတွေ ကို မီဒီယာကနေအများကြီးရေးလာရင်အများကြီးအားသာမှုရှိလာမယ်။ တစ်ဖက်ကလည်း မီဒီယာက လည်း ကိုယ့်တာဝန်ဝတ္တရားတွေကို ပိုသိလာဖို့ကိုလည်း ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့စဉ်းစားတာကတော့ အားလုံးအတူတူ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခုလိုလုပ်တာ ဖြစ်ကြောင်း” Chin World သတင်းဌာနသို့ ပြောသည်။
ယခုဖိုရမ်ပြီးဆုံးလျှင် စဉ်ဆက်မပြတ် အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာအကြား ဆက်ဆံရေးရှိနိုင်ရန်အတွက် ပူးတွဲလမ်းညွှန်စာအုပ်ကိုလည်း ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်သည်။
"အခုကျွန်တော်တို့ဘာကိုလုပ်မလဲဆိုတာကို အတူတကွစဉ်းစားတယ်။ အရင်ဆုံး ချင်းလူမှုအဖွဲ့အစည်းများနဲ့ မီဒီယာတွေ ဆက်ဆံရေးဘယ်လိုပိုမိုကောင်းမွန်ေစမလဲဆိုတာနဲ့ပါတ်သက်ပြီး ချင်းပြည်နယ်က လူမှုအဖွဲ့အစည်းနဲ့ မီဒီယာအားလုံးကိုခေါ်ပြီး တွေ့ဆုံပွဲလုပ်မယ်။ အဲဒါပြီးတဲ့နောက် မြို့နယ်တိုင်းမှာသွားပြီး လူထုတွေ့ဆုံပွဲတွေကျင်းပမယ်။ ဘယ်ကိစ္စတွေကို လုပ်မလဲဆိုတော့ အဓိကဦးစားပေး လုပ်ရမယ့်လုပ်ငန်း လေးခုရှိတယ်။ ပထမတစ်ခုကတော့ မသန်စွမ်းတွေအရေး၊ ဒုတိယတစ်ခုကတော့ အမျိုးသမီးတွေရဲ့အခွင့်အရေး၊တတိယတစ်ခုကတော့ သတင်းအချက်အလက်တွေ ရရှိနိုင်ရေးတွေအပြင် အစိုးရရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်မှုတွေမှာ ဘယ်လောက်အထိ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသလဲပေါ့။ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့အချိန်မှာ အစိုးရနဲ့ ကုမ္ပဏီအကြားလုပ်တာဆိုတော့ ဘယ်လောက်အထိ သူတို့အကြားမှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ဆက်နွယ်မှုရှိသလဲဆိုတာမျိုးဆိုတဲ့ကိစ္စတွေကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အဲဒါကို မြို့နယ်တိုင်းမှာလုပ်ပြီးသွားရင်တော့ အစိုးရဆီကို ရလာတဲ့ အချက်တွေကို ပြောတာမျိုး၊ လွှတ်တော်ဆီကိုပြောတာမျိုးတွေဆောင်ရွက်မှာဖြစ်ကြောင်း" သူက ဆက်လက် ရှင်းပြသည်။
ချင်းအရပ်ဘက်အဖွဲ့အစည်းနှင့် ချင်းမီဒီယာကွန်ယက် ဖိုရမ်သည် ပထမအကြေိမ်မြောက် ဖိုရမ် ကျင်းပခြင်းဖြစ်သည်။







