ချင်းအမျိုးသားတပ်ဦးပြုလုပ်သည့် လူထုတွေ့ဆုံပွဲများသည် ချင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောက်ရွက်နေခြင်းမဟုတ်ေကြာင်း ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦးပြုလုပ်သည့် လူထုတွေ့ဆုံပွဲများသည် ချင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောက်ရွက်နေခြင်းမဟုတ်ေကြာင်း ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး(CNF)မှ ပြုလုပ်လျက်ရှိသည့် လူထုတွေ့ဆုံပွဲများသည် ချင်းအရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များမဟုတ်ကြောင်း ဇန်နဝါရီလ (၆) ရက်နေ့က ချင်းအရပ်ဖက် အဖွဲ့အစည်းများဖိုရမ် ဗဟိုကော်မတီမှ အသိပေးထုတ်ပြန်ချက်ထုတ်ခဲ့သည်။

ချင်းအမျိုးသားတပ်ဦး (CNF) မှပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနှင့်ပတ်သက်ပြီး ချင်းအရပ်ဖက် အဖွဲ့အစည်းများအကြား ရှုပ်ထွေးမှုများ၊ နည်းလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ အကြောင်းကြားရခြင်းဖြစ်ကြောင်း ပါရှိသည်။

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ ( CNDJC) တွင် ချင်းအရပ်ဖက်အဖွဲ့အစည်းများသည် ချင်းနိုင်ငံရေးပါတီများ၊ ချင်းအမျိုးတပ်ဦး (CNF) တို့နှင့်အတူ ပူးတွဲဦးဆောင်ပြီး ပထမအကြိမ် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျင်းပခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်ရှိအချိန်တွင် ချင်းပြည်နယ်နှင့် ပြည်နယ်ပြင်ပများတွင် လူထုတွေ့ဆုံပွဲများ( Public Consultation) ပြုပ်လုပ်လျက်ရှိသည့်အတွက် အဆိုပါ တွေ့ဆုံပွဲများပြုလုပ်ခြင်းသည် CNDJC ၏နောက်ဆက်တွဲ လုပ်ငန်းစဉ်မဟုတ်ကြောင်း၊ ချင်းအရပ်ဖက်အဖွဲ့အစည်းများဖိုရမ်၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များအဟုတ်ကြောင်း ပူးပေါင်းဆောက်ရွက်သည့်လုပ်ငန်းစဉ်မဟုတ်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများဖိုရမ် ဗဟိုကော်မတီမှ ချင်းအရပ်ဖက်အဖွဲ့အစည်းများထံ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...