ချင်းအမျိုးသားတပ်ဦးပြုလုပ်သည့် လူထုတွေ့ဆုံပွဲများသည် ချင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောက်ရွက်နေခြင်းမဟုတ်ေကြာင်း ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦးပြုလုပ်သည့် လူထုတွေ့ဆုံပွဲများသည် ချင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောက်ရွက်နေခြင်းမဟုတ်ေကြာင်း ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး(CNF)မှ ပြုလုပ်လျက်ရှိသည့် လူထုတွေ့ဆုံပွဲများသည် ချင်းအရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များမဟုတ်ကြောင်း ဇန်နဝါရီလ (၆) ရက်နေ့က ချင်းအရပ်ဖက် အဖွဲ့အစည်းများဖိုရမ် ဗဟိုကော်မတီမှ အသိပေးထုတ်ပြန်ချက်ထုတ်ခဲ့သည်။

ချင်းအမျိုးသားတပ်ဦး (CNF) မှပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနှင့်ပတ်သက်ပြီး ချင်းအရပ်ဖက် အဖွဲ့အစည်းများအကြား ရှုပ်ထွေးမှုများ၊ နည်းလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ အကြောင်းကြားရခြင်းဖြစ်ကြောင်း ပါရှိသည်။

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ ( CNDJC) တွင် ချင်းအရပ်ဖက်အဖွဲ့အစည်းများသည် ချင်းနိုင်ငံရေးပါတီများ၊ ချင်းအမျိုးတပ်ဦး (CNF) တို့နှင့်အတူ ပူးတွဲဦးဆောင်ပြီး ပထမအကြိမ် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျင်းပခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်ရှိအချိန်တွင် ချင်းပြည်နယ်နှင့် ပြည်နယ်ပြင်ပများတွင် လူထုတွေ့ဆုံပွဲများ( Public Consultation) ပြုပ်လုပ်လျက်ရှိသည့်အတွက် အဆိုပါ တွေ့ဆုံပွဲများပြုလုပ်ခြင်းသည် CNDJC ၏နောက်ဆက်တွဲ လုပ်ငန်းစဉ်မဟုတ်ကြောင်း၊ ချင်းအရပ်ဖက်အဖွဲ့အစည်းများဖိုရမ်၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များအဟုတ်ကြောင်း ပူးပေါင်းဆောက်ရွက်သည့်လုပ်ငန်းစဉ်မဟုတ်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများဖိုရမ် ဗဟိုကော်မတီမှ ချင်းအရပ်ဖက်အဖွဲ့အစည်းများထံ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...