ကျိုက်မရောတွင် အကျဉ်းသားတစ်ထောင်ဆန့်သည့် အကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်

ကျိုက်မရောတွင် အကျဉ်းသားတစ်ထောင်ဆန့်သည့် အကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အကျဉ်းသား ၁၀၀၀ဆန့်သည့် အကျဉ်းထောင်ကို (၂၀၂၀)ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။

မော်လမြိုင်အကျဉ်းထောင်တွင် သတ်မှတ်ထားသောအကျဉ်းသားဦးရေထက် ပိုနေသောကြောင့် အကျဉ်းသားများကျပ်တည်းမှုမရှိစေဘဲ သက်သာစွာနေထိုင်နိုင်ရန်အတွက် အကျဉ်းထောင်အသစ် လိုအပ် ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ဦးစီးမှူး ဦးလင်းဗိုလ်နောင်ကပြောသည်။

“အဓိကတော့ သတ်မှတ်ထားတာထက်ပိုနေတဲ့အကျဉ်းသားဦးရေကို လျော့ကျဖို့ပါ။ သူ့တွက်ဘက် ဂျက်က တစ်နှစ်မှတစ်ခါရတာ ဒီနှစ်မှာ လုပ်ငန်း လေးခုလောက်အတွက် ဘတ်ဂျက်ရထားတယ်”ဟု ဦးစီးမှူး ဦးလင်းဗိုလ်နောင်ကပြောသည်။

လက်ရှိ မော်လမြိုင်အကျဉ်းထောင်သည် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်တွင်ရှိပြီး ကျိုက်သလ္လံ စေတီတော်၏ အောက်ဘက်တွင်တည်ရှိကာ ရှေးဟောင်းထောင်တစ်ခုလည်းဖြစ်သည်။

မော်လမြိုင်အကျဉ်းထောင်တွင် နိုင်ငံရေးပြစ်မှုနှင့်ပတ်သက်ပြီး အကျဉ်းချရာတွင် နာမည်ကြီးသည့် အကျဉ်းထောင်တစ်ခုလည်းဖြစ်သည်။

မွန်ပြည်နယ်နည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း အကျဉ်းသား ၁၀၀၀ ဆန့်သည့် အကျဉ်းထောင်များကို တိုးချဲ့တည်ဆောက်လျက်ရှိသည်။

ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...
ဓာတ်ပုံ-Social Media
January 9, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်...
ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...