ကျိုက်မရောတွင် အကျဉ်းသားတစ်ထောင်ဆန့်သည့် အကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်

ကျိုက်မရောတွင် အကျဉ်းသားတစ်ထောင်ဆန့်သည့် အကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အကျဉ်းသား ၁၀၀၀ဆန့်သည့် အကျဉ်းထောင်ကို (၂၀၂၀)ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။

မော်လမြိုင်အကျဉ်းထောင်တွင် သတ်မှတ်ထားသောအကျဉ်းသားဦးရေထက် ပိုနေသောကြောင့် အကျဉ်းသားများကျပ်တည်းမှုမရှိစေဘဲ သက်သာစွာနေထိုင်နိုင်ရန်အတွက် အကျဉ်းထောင်အသစ် လိုအပ် ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ဦးစီးမှူး ဦးလင်းဗိုလ်နောင်ကပြောသည်။

“အဓိကတော့ သတ်မှတ်ထားတာထက်ပိုနေတဲ့အကျဉ်းသားဦးရေကို လျော့ကျဖို့ပါ။ သူ့တွက်ဘက် ဂျက်က တစ်နှစ်မှတစ်ခါရတာ ဒီနှစ်မှာ လုပ်ငန်း လေးခုလောက်အတွက် ဘတ်ဂျက်ရထားတယ်”ဟု ဦးစီးမှူး ဦးလင်းဗိုလ်နောင်ကပြောသည်။

လက်ရှိ မော်လမြိုင်အကျဉ်းထောင်သည် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်တွင်ရှိပြီး ကျိုက်သလ္လံ စေတီတော်၏ အောက်ဘက်တွင်တည်ရှိကာ ရှေးဟောင်းထောင်တစ်ခုလည်းဖြစ်သည်။

မော်လမြိုင်အကျဉ်းထောင်တွင် နိုင်ငံရေးပြစ်မှုနှင့်ပတ်သက်ပြီး အကျဉ်းချရာတွင် နာမည်ကြီးသည့် အကျဉ်းထောင်တစ်ခုလည်းဖြစ်သည်။

မွန်ပြည်နယ်နည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း အကျဉ်းသား ၁၀၀၀ ဆန့်သည့် အကျဉ်းထောင်များကို တိုးချဲ့တည်ဆောက်လျက်ရှိသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...