ခွဲမထွက်ရေး နှင့် ပတ်သက်၍ သဘောတူညီမှုမရသည့်အတွက် ပြည်နယ်ဖွဲ့စည်းပုံံရေးဆွဲခြင်းကို နောက်ညီလာခံမှ ဆွေးနွေးမည်

ခွဲမထွက်ရေး နှင့် ပတ်သက်၍ သဘောတူညီမှုမရသည့်အတွက် ပြည်နယ်ဖွဲ့စည်းပုံံရေးဆွဲခြင်းကို နောက်ညီလာခံမှ ဆွေးနွေးမည်
by -
သံလွင်တိုင်းမ်
နိုင်ငံရေးကဏ္ဍတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး ကိစ္စကို ယနေ့နံနက် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင်အကြိတ်အနယ် ဆွေးနွေးခဲ့ကြရာတွင် ခွဲမထွက်ရ နှင့် ပြည်နယ်ဖွဲ့စည်းပုံ ကိုယ်ပိုင်ပြဌာန်းခွင့်များကို သဘောတူညီမှု မရခဲ့၍ နောင်ကျင်းပမည့် ညီလာခံများတွင် ဆက်လက်ဆွေးနွေးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဆွေးနွေးရာတွင် အငြင်းပွားမှုများလည်းရှိခဲ့သလို နိုင်ငံ၏ အရေးကြီးသည့် အချက်များ သဘောတူညီမှု မရရှိခဲ့သည့် ပြည်သူများ မျှော်လင့်ထားသည့် ရလာဒ်ကောင်းများနည်းပါးသွားကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားသည်။

၄င်းက ဆက်လက်ရှင်းပြရာတွင် “သဘောတူညီချက်မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့်ကိစ္စဖြစ်ပါတယ်။ ခွဲထွက်ခွင့်ကိစ္စနှင့်ပတ်သက်လို့ ကျွန်တော်တို့ နှစ်ဖက်အပြန်အလှန်ဆွေးနွေးရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒီခွဲထွက်ခွင့်ကိစ္စကို ဒီအချိန်မှာမထည့်စေချင်သေးဘူး။

ဒီခွဲမထွက်ရဆိုတဲ့ အချက်တွေကို သဘောတူမှ ပြည်နယ်ဖွဲ့စည်းပုံ ကိုယ်ပိုင်ပြဌာန်းခွင့်တွေက လာမှာဖြစ်ပါတယ်။ ဒီခွဲမထွက်ရအချက်မှာပင် ကျွန်တော်တို့သဘောတူညီမှုမရပါဘူး။ အဲ့ဒါကြောင့် ကျန်တဲ့အချက်တွေလည်း ဒီညီလာခံမှာ စိတ်မကောင်းစွာနဲ့ပဲ ချန်ခဲ့ရပါတယ်။ မေးစရာ မေးခွန်းရှိပါတယ်။ ခွဲထွက်ချင်လို့လားပေါ့။ တိုင်းရင်းလက်ကိုင်အဖွဲ့အစည်းအချို့ဘက်က ဒါကို ကတိကဝတ် မပြုနိုင်ဘူး။ ဒါကြောင့် ကျန်တဲ့ကိုယ်ပိုင်အခြေခံဥပဒေတို့ ကိုယ်ပို်င်ပြဌာန်းခွင့်တို့ မရတော့ပါဘူး။ အခုတစ်ခေါက် ညီလာခံမှတော့ ဒါတွေသဘောတူညီချက်မရတဲ့အတွက် မဆွေးနွေးတော့ပါဘူး။” ဟု ဆိုုသည်။

ဦးဇော်ဌေးက ပြောဆုုိရာတွင် အထက်ပါ အခြေအတင် ဆွေးနွေးရသည့် ကိစ္စရပ်တွင် တပ်မတော်နှင့် အစိုးရ ၊ လွှတ်တော် အားလုံးသည် သဘောထားတစ်ခုတည်းဖြစ်သည်ဟုု ဆိုုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ယခင်က မေ ၂၄ မှ ၂၈ အထိ ကျင်းပရန် စီစဉ်ခဲ့သော်လည်း အကျေအလည် ဆွေးနွေးရမည့် ကိစ္စများ ကျန်ရှိနေသေးသည့်အတွက် မေ ၂၉ အထိ ကျင်းပမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင်များထံမှ သိရသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...