သံလွင်မြစ်ရေအားလျှပ်စစ် စီမံကိန်း(၆)ခု ဆက်မလုပ်ရန် အစိုးရသစ်ကို မွန်လူငယ်အဖွဲ့တိုက်တွန်း

သံလွင်မြစ်ရေအားလျှပ်စစ် စီမံကိန်း(၆)ခု ဆက်မလုပ်ရန် အစိုးရသစ်ကို မွန်လူငယ်အဖွဲ့တိုက်တွန်း
by -
သံလွင်တိုင်းမ်
အစိုးရသစ်အနေဖြင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း(၆)ခုကိုဆက်မလုပ်သွားရန် တိုက်တွန်းသည့်အစီရင်ခံစာတစ်စောင် ကို တိုးတက်သောမွန်လူငယ်များအစည်းအရုံး (MYPO)အဖွဲ့က စက်တင်ဘာ ရရက်တွင် ထုတ်ပြန်ခဲ့သည်။

သံလွင်မြစ်ရေကာတာကြီးများကြောင့် မြစ်အောက်ပိုင်းနေ မွန် နှင့် ကရင်ပြည်နယ်ရှိဒေသခံတိုင်းရင်းသားပြည်သူများ အတွက် ဂေဟစနစ်များ ထိခိုက်ဖျက်ဆီးမှုများရှိနိင်သည်ဟု အစီရင်ခံစာကဆိုသည်။

နှုးညံ့သိမ်မွေ့သောသံလွင်မြစ်ဝကျွန်းပေါ်ဂေဟစနစ်သည် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းများအား မြင့်မားစွာအကျိုးဖြစ် ထွန်းစေပြီး သံလွင်ရေကာတာများကြောင့် ပြန်ပြုပြင်၍မရနိုင်သည့် ထိခိုက်ပျက်စီးမှု ကြံုတွေနိင်သည့် လေ့လာတွေ့ရှိချက်များ ကိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာ့လျှပ်စစ်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အတွင်းရေးမှူးဦးထိန်လွင်၏ ပြောဆိုချက်အရ အစိုးရသစ်သည်  နောင်ဖ ရေကာတာကိုဆက်လုပ်သွားရန် တရားဝင်ထုတ်ပြန်ထားသည်ဟု သိရကြောင်း သုတေသနအစီရင်ခံကို ဦးဆောင်ပြုစုသူတစ်ဦးက ကိုကားပြောဆိုသွားသည်။

တိုင်းပြည်မှာ လျှပ်စစ်မီးလိုအပ်နေပြီး သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းများကိုအကောင်အထည်ဖော်ရမည်ဖြစ်၍  ပြည်သူလူထုထောက်ခံမှုရရှိအောင်လည်းဆက်လုပ်သွားဟု  သြဂုတ်လ ၁၂ ရက်တွင် ဦးထိန်လွင်ကပြောခဲ့ကြောင်း ၎င်းက ဆက်လက်ကိုးကားပြောဆိုသွားသည်။

ယခင်စစ်အစိုးရလက်ထက်တုန်းကပြည်သူအတွက်မစဉ်းစားဘဲ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်များဒဏ်ကို ပြည်သူတွေ တွေ့ကြံုခံစားခဲ့ရသဖြင့် ယခုအစိုးရကဆက်ပြီးမလုပ်ဖို့ တိုက်တွန်းတဲ့အနေဖြင့် အစီရင်ခံစာကိုထုတ်ပြန်ခြင်းဖြစ်ကြောင်း သုတေသနဦးဆောင် ပြုစုသူ မိအားချိုင်းကမှတ်ချက်ပြုပြောဆိုသည်။

“ဒီနှစ်ချက်ကိုသုံးသပ်ရမယ်ဆိုရင် ဒီလောက်ထိလူထုတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေကန့်ကွက်နေတာကို တရားဝင်သူတို့လုပ်နေ မယ်ဆိုရင် အဓိပ္ပါယ်ကအခုအစိုးရကလူထုယုံကြည်ပြီးရွေးချယ်ခဲ့တဲ့အတွက် လူထုအသံကိုနားမထောင်ဘူးဆိုတာမဖြစ်သင့်ဘူး” ၄င်းကပြောသည်။

သံလွင်မြစ်အောက်ပိုင်းနေပြည်သူများကို ခြိမ်းခြောက်နေသော ရေကာတာစီမံကိန်းများ အစီရင်ခံစာသုတေသနအဖွဲ့ကို တိုးတက်သောမွန်လူငယ်များ အစည်းအရုံး(MYPO)က ၂၀၁၄မှ ၂၀၁၆ခုနှစ်အတွင်း၂နှစ်ကြာ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် အတွင်းရှိမြို့နယ် ၆မြို့နယ်ကိုကွင်းဆင်းလေ့လာခဲ့သည်။

၂၀၁၄ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနှင့် ရေကာတာဆန့်ကျင်ရေးနေ့အခမ်းအနားကိုမွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင်မြို့ ကြားတွင်ရှိသည့် သဲသောင်ပြင်ပေါ်တွင် (Burma River Network) ရှမ်း၊ကရင်နီ၊ကရင်၊မွန် အရပ်ဖက်လူမှုအဖွဲ့အစည်းများကလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းကွမ်းလုံရေကာတာ၊လာရှိုးအရှေ့ဘက် နောင်ဖနှင့်မန်တောင်ရေကာတာ၊တောင်ကြီးအရှေ့ဘက် မိုင်းတုံရေကာတာ၊ကယားပြည်နယ် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ(၆)ခုသံလွင်မြစ်တွင်တည်ဆောက်ရန် ရှိနေပြီးမွန်ပြည်နယ်မှာ ရေကာတာတည်ဆောက်ခြင်းမရှိသော်လည်း သံလွင်မြစ်ဆုံးသည့်နေရာဖြစ်သည့်အတွင် ဆိုးကျိုးပိုမိုထိခိုက်နိုင် သည်ဟု ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ ကိုစောသာဘိုးကပြောသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...