လူငယ်ရေးရာမူဝါဒရေးဆွဲမှုအတွက် မွန်ပြည်နယ်တွင် သဘောထားအမြင်များ စစ်တမ်းကောက်

လူငယ်ရေးရာမူဝါဒရေးဆွဲမှုအတွက် မွန်ပြည်နယ်တွင် သဘောထားအမြင်များ စစ်တမ်းကောက်
by -
သံလွင်တိုင်းမ်
လူငယ်ရေးရာမူဝါဒရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် အသိပညာပေးဆွေးနွေးခြင်း၊ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်နယ် လူငယ်ကွန်ယက်ထံမှ သတင်းရရှိသည်။

စက်တင်ဘာလ (၆) ရက်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူငယ်မူဝါဒတစ်ရပ်ကို နိုင်ငံတော်အစိုးရနှင့် အတူလူငယ်များပါဝင်မှုဖြင့် ရေးဆွဲနိုင်ရန်စီစဉ်နေကြောင်း၊ လူငယ်များ၊ လူငယ်အကျိုးလိုလားသူများ လူငယ်မူဝါဒသဘောတရားများ ကိုနားလည်ရန်နှင့် ၎င်းတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များကို မူဝါဒအတွင်းထည့်သွင်းရေးဆွဲနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် လူငယ်ကွန်ယက်မှ မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

"လူငယ်ရေးရာ မူဝါဒရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကတော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရင်းနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းသွားပါမယ်။ ရလာတဲ့သတင်းအချက်အလက်တွေကို စုပြီးတော့ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲတဲ့နေရာမှာ သုံးမှာဖြစ်သလို ပြည်နယ်လူငယ်မူဝါဒရေးဆွဲတဲ့အခါမှာလည်း ပြန်သုံးသွားမှာပါ”ဟု ၄င်းက ပြောသည်။

ထိုနောက် လူငယ်ရေးရာမူဝါဒရေးဆွဲနိုင်ရေး ပြည်နယ်အဆင့် ဖိုရမ်လုပ်သွားရန်လည်းရှိကြောင်း ယင်းဖိုရမ်တွင် မူဝါဒများကို ညှိနှိုင်းကြမည်ဟု မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရန် မွန်ပြည်နယ်အပြင် ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများ အားလုံးတွင်လုပ်ဆောင်နေကြပြီး စက်တင်ဘာလ (၃၀) ရက် နောက်ဆုံးထားကာ လူငယ်များ၏ သဘောထားအမြင်များကို  စစ်တမ်းကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒတခု ထွက်ပေါ်လာစေရန် ၂၀၁၂ခုနှစ်မှ စတင်ကြိုးပမ်းခဲ့သော်လည်း ၂၀၁၆ခုနှစ်ဇွန်လအတွင်းမုံရွာတွင် ကျင်းပခဲ့သော လူငယ်ဖိုရမ်မှ အခြေခံကာ လူငယ်ရေးရာမူဝါဒတခု ထွက်ပေါ်လာရေးသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရက်တရာစီမံချက်၏ လုပ်ငန်းစဉ်တခုဖြစ်လာသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...