ပြည်နယ်စည်ပင်ကော်မတီခွင့်ပြုချက်ရမှသာ ရေတံခွန်တွင် ကယ်ဆယ်ရေးပစ္စည်းထားနိုင်မည်ဟုဆို

ပြည်နယ်စည်ပင်ကော်မတီခွင့်ပြုချက်ရမှသာ ရေတံခွန်တွင် ကယ်ဆယ်ရေးပစ္စည်းထားနိုင်မည်ဟုဆို
by -
သံလွင်တိုင်းမ်
မိုးရာသီတွင် ပြည်သူများလာရောက်အပန်းဖြေလေ့ရှိသော ပေါင်မြို့နယ်၊ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ် ကြံုတွေ့ရခြင်းများအတွက် အရေးပေါ်ကူညီနိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများထားရှိခြင်းအား ပြည်နယ်စည်ပင်ကော် မတီ၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေတံခွန်ထိန်းသိမ်းရေးကော်မတီထံမှသိရသည်။

ရေဆော့ကစားအပန်းဖြေသူများအတွက် အရေးပေါ်ကူညီနိုင်ရန် ကယ်ဆယ်ရေးပစ္စည်းဝယ်ယူခြင်း အတွက် လေလံမှရရှိငွေများ ရှိနေသော်လည်း ပြည်နယ်စည်ပင်၏ခွင့်ပြုချက်ရရှိပြီးမှ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ရေတံခွန်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးကပြောသည်။

“လေလံပစ်လို့ရထားတဲ့ငွေတွေရှိပါတယ်။ ဒါပေမဲ့ ဒီငွေတွေကို ထုတ်ယူသုံးစွဲဖိုကျတော့ လုပ်ထုံးလုပ်နည်း အရ မြို့နယ်ကော်မတီက အစည်းအဝေးထိုင်ပြီးရင် ပြည်စည်ပင်ကော်မတီဆီကိုဆက်တင်ပြရပါတယ်။ သူတို့ကနေ ခွင့်ပြုချက်ပေးမှပဲ ငွေထုတ်ယူဝယ်လို့ရမှာပါ”ဟု မြို့နယ်ရေတခွန်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှုး ဦးထွန်းထွန်းဦးက ပြောသည်။

ယခင်နှစ်က လူ(၇)ဦးရေနစ်သေဆုံးခဲ့ပြီး ယခုလအတွင်း၌ အမျိုးသမီးတစ်ဦး ကျောက်ကြားထဲသို့ခြေတောက်ညှပ်မိနေခြင်းကို ဒေသခံများက မြို့နယ်မီးသတ်နှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ရကြောင်း ကယ်ဆယ်ရေးပစ္စည်းများဖြစ်သော ကြိုး၊ အသက်ကယ်အကျီႋ၊ လူနာထမ်းစင်နှင့် ခါးပတ်ချိတ်စသော ကယ်ဆယ်ရေးပစ္စည်းများ အသင့်မရှိခြင်းအတွက် အန္တရာယ်များကြံုတွေ့ရကြောင်း ကူညီပေးသူ ဦးမိုးသက် အောင်ကပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများဝယ်ယူခွင့်ရပါက ဝယ်ယူရန်ပစ္စည်းရောင်းချသည့်ကုမ္ပဏီနှင့် ချိတ်ဆက်ဝယ်ယူပေးနိုင်သည့်အပြင် ပစ္စည်းသုံးစွဲတတ်အောင်လည်းလေ့ကျင့်သင်ကြားပေးနိုင်သည်ဟု မြို့နယ်မီးသတ်ဦးစီးမှုးဦးစိုးကျော်သူက “ကျွန်တော်တို့ ကိုအကြောင်းကြားရင် ၅မိနစ်လောက်အတွင်း ရောက်အောင်သွားပါ တယ်။ ပစ္စည်းတွေကိုယ်ပိုင်ထားရှိချင်တယ်ဆိုရင်လည်း ပိုပြီးအဆင်ပြေပါတယ်။ ဒါပေမဲ့သုံးစွဲတတ်အောင်တော့ ကျွန်တော်တို့ကသင်တန်းတွေပေးပြီးကူညီပေးမယ်။ ပစ္စည်းဝယ်လို့ရမယ့်နေရာ ကုမ္ပဏီနဲ့လည်းချိတ်ဆက်ကူညီပေးပါ့မယ်”ဟု ပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူထားခြင်းကြောင့်ရေတံခွန်တွင် ဘေးအန္တရာယ်ဖြစ်ပွားပါကအချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်နိုင် မည်ဖြစ်ပြီး ရေဘေးကိစ္စ ဖြစ်ပွားရာနေရာများတွင်လည်း ငှါးရမ်းကူညီပေးနိုင်သည်ဟု ဇင်းကျိုက်မြို့ခလောက်အင်းရပ်ကွက်အုပ် ချုပ်ရေးမှုး ဦးညွန့်သိန်းက ပြောသည်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...