မုဒုံတွင် တောင်ပို့မှို တစ်ပိသာ ကျပ်တစ်သောင်းကျော်ပေါက်စျေးရှိ

မုဒုံတွင် တောင်ပို့မှို တစ်ပိသာ ကျပ်တစ်သောင်းကျော်ပေါက်စျေးရှိ
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ် မုဒုံမြို့တွင် ယခုနှစ်မှိုရာသီ တောင်ပို့မှိုအထွက်များသော်လည်း တစ်ပိသာစျေးနှုန်းမှာအနိမ့်ဆုံး ရ၀၀၀ကျပ်မှအမြင့်ဆုံး ၁၅၀၀၀ကျပ်အထိ ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဒီနှစ်ကရာသီဥတုကလည်းပူ၊ နေပူလိုက်၊ မိုးရွာလိုက်ဆိုတော့ တောထဲမှာ တောင်ပို့မှိုတွေကအရင်နှစ်တွေထက်ပိုထွက်တယ်၊နောက်ပြီးနေရာသစ်တွေလည်းလေး၊ ငါး၊ခြောက်နေရာလောက်ထပ်တွေ့ရတယ်”ဟု နှစ်စဉ် မုဒုံမြို့အရှေ့ဘက်ရာဘာတောများနှင့် လက်ခတ်တောင်၊ ကျိုက်တမော့တောင်တန်းများတွင် မှိုရှာ၊မျှစ်ချိုးရောင်းလျှက်ရှိသည့် ထိန်ကုန်းကွက်သစ်နေ ကိုမြင့်သော်တို့ မိသားစုကပြောသည်။

Untitled 22တောင်ပို့မှိုသည်မိုးရာသီတွင် သဘာဝအရပေါက်ရောက်တတ်ပြီး ခြတောင်ပို့အနီးတစ်ဝိုက်အပြင် တော၊တောင်များအတွင်းလည်း တစ်ပွင့်၊ နှစ်ပွင့်သာမက၊အုံလိုက်၊ကျင်းလိုက် အများအပြား ပေါက်ရောက်တတ်ကြောင်း နှစ်စဉ်မှိုရှာလေ့ရှိသူများထံမှ သိရသည်။

မှိုရှာ၊မျှစ်ရှာသူများကမှိုကျင်းရှိရာနေရာကိုမှတ်သားထားကြပြီး ရာသီချိန်ရောက် နှစ်စဉ်မှိုတွေ့သည့်နေရာ၌ပေါက်ရောက်သည့် မှိုများအားတူးဆွရောင်းချကြောင်းလည်းသိရသည်။

“တောင်ပို့မှိုကတော့အရင်ကတည်းကစျေးကြီးတဲ့အတွက်တော်တန်ရုံဝယ်မစားနိင်ကြဘူး၊ ငွေကြေးတတ်နိင်သူတွေ အလှူအတန်းလုပ်သူတွေလောက်ဘဲ ဝယ်စာတာများတယ်၊ကွန်မအနေနဲ့မှိုရောင်းနေပေမဲ့လည်းချက်မစားဘူး၊ဘာဖြစ်လို့လည်းဆို စျေးကလည်းမနည်းဘူး၊ဒါကိုစျေးကြီးကြီးပေးပြီးဝယ်ချက်မဲ့ တူတူအခြားအသား၊ငါးတွေကိုဝယ်ချက်မယ်” ဟု မြို့မစျေးမှဒေါ်ဘိန်ကပြောသည်။

မုဒုံတွင်တောင်ပို့မှိုအဖူးတစ်ပိသာကျပ်(၁၅၀၀၀)၊အငုံတစ်ပိသာ(၁၀၀၀၀)နှင့်အပွင့်တစ်ပိသာ (၇၀၀၀)ကျပ်စျေးရှိကြောင်း လည်းသိရသည်။

မုဒုံမြို့နယ်အတွင်းရှိကျိုက်ရွှဲ၊ဝင်းကမော့၊တံခွန်တိုင်ကျေးရွာများ၏အရှေ့ဘက်ရှိ တောတောင်များအတွင်း၌ တောင်ပို့မှိုများအခြားနေ ရာနှင့်စာလျှင်အများဆုံးပေါက်ရောက်တတ်ကြောင်းလည်းသိရသည်။ တောင်ပို့မှိုအပါအဝင် လတ်ဆတ်သောမှိုများ ကို ဟင်းရည် ချက်သောက်ခြင်း ချက်ပြုတ်စားသောက်ခြင်းသည် လူသားများ၏ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးကြောင်း တရုတ်တိုင်းရင်းဆေး ပညာရှင်ကဆိုသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...