ရေးမြို့နယ် သဘင်ပညာရှင်များအစည်းအရုံး အသိပေးရှင်းလင်းပွဲကျင်းပ

ရေးမြို့နယ် သဘင်ပညာရှင်များအစည်းအရုံး အသိပေးရှင်းလင်းပွဲကျင်းပ
by -
သံလွင်တိုင်းမ်
ရေးမြို့နယ်သဘင်ပညာရှင်များအစည်းအရုံး၏ တည်ထောင်ခွင့်ဆိုင်ရာနှင့်လူမှုကူညီစောင့်ရှောက်ရေးဆိုင်ရာအသိပေးရှင်းလင်းပွဲကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။

tlt601ရေးမြို့နယ်အတွင်းရှိ သဘင်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း အငြိမ့်၊ ဆိုင်း၊ ဇာတ်သဘင်၊ ဒေဝါ လုပ်ကိုင်လိုပါက တည်ထောင်ခွင့်ကို လာမည့် ဇူလိုင်လ ၂၇ ရက်နေ့နောက်ဆုံးထား ၍ ရေးမြို့နယ်သဘင်အစည်းအရုံးက ဆောင်ရွက်ပေးမည်ဟုသိရသည်။

ထို့ပြင် လူမှုကူညီစောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်းကာ ရေးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါက လိုအပ်သည့် ကူညီထောက်ပံ့မှုအစီအစဉ်များပေးအပ်မည်ဖြစ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

 မြန်မာနိုင်ငံသဘင်ပညာရှင်အစည်းအရုံးဗဟို၏ ညွှန်ကြားချက်အရ ရေးမြို့နယ်အတွင်းရှိ သဘင်ပညာရှင်များ၏ တည်ထောင်ခွင့်နှင့် သဘင်အစည်းအရုံး၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခြင်း၊လူမှုကူညီစောင့်ရှောက်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန်နှင့် ရှေ့လုပ်ငန်း စဉ်တွေကို အဖွဲ့ဝင်တွေကို အသိပေးရှင်းလင်းခြင်းဖြစ်ကြောင်း အသိပေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရေးမြို့နယ် သဘင်ပညာရှင်များအစည်းအရုံးက ဘဏ္ဍာရေးမှူး ဦးသူရိန်က သံလွင်တိုင်မ်းသို့ ပြောကြားသည်။

“ ကျွန်တော်တို့မြို့နယ်အစည်းအရုံးက ခု ပြန်ဖွဲ့ထားတာ လပိုင်းပဲရှိသေးတယ်၊ လူမှုရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ ရံံပုံငွေကို ရှာဖွေရဦးမှာဖြစ်တယ်၊ ဒါမှသာ ကျွန်တော်တို့လုပ်ဆောင်ရမယ့်လုပ်ငန်းကိစ္စ တွေကို ဆောင်ရွက်ပေးနိုင်မှာပါ၊ အားလုံးလဲ ပါ၀င်ကူညီကြဖို့တိုက်တွန်းပါတယ် ” ဟု ဘဏ္ဍာရေးမှူး ဦးသူရိန်က ဆက်လက်ရှင်းပြသည်။

ရေးမြို့နယ်သဘင်ပညာရှင်များအစည်းအရုံးကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး သဘင်ဆိုင်ရာလုပ်ငန်းများကို အမှုဆောင်အဖွဲဲ့ဝင်(၉)ဦးဖြင့် အကောင်အထည်ဖောင်ဆောင်ရွက်လျက် ရှိနေသည်ဟု သိရသည်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...