ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြစျေး အပြီးတည်ဆောက်မည်

ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြစျေး အပြီးတည်ဆောက်မည်
၂၀၁၅ ခုနှစ်အတွင်းမီးလောင်ခဲ့တဲ့ မင်းတပ်မြို့ စံပြစျေးကို လာမယ့်ချင်းအမျိုးသားနေ့ မတိုင်မီ အပြီးတည်ဆောက်သွားမယ်လို့ စျေးကော်မတီဥက္ကဌ ဦးတိုင်းလင်းက ပြောသည်။ “ကျတော်တို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ထိတော့ ၃၂ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ လာမယ့်နှစ် ချင်းအမျိုးသားနေ့မှ ဖွင့်ပွဲလုပ်သွားဖို့ရှိတယ်” ဟု ဦးတိုင်းလင်းက ပြောသည်။ မင်းတပ်စံပြစျေးကို လက်ရှိအချိန်မှာ ကွင်းပြင်တစ်နေရာမှာ ယာယီဖွင့်ခိုင်းထားတာဖြစ်ပြီး မိုးရာသီရောက်တိုင်း ရေမြောင်းမရှိတာကြောင့်အခက်အခဲကြံုနေရ တယ်လို့စျေးသည်တွေ ထံမှ သိရသည်။ “ရေမြောင်းလည်းရေစီးရေလာသိပ်မကောင်းဘူး။ ပျံကျစျေးတွေလည်းနေရာလုံးဝမရှိဘူး။ ပျံကျ စျေးတွေကိုလည်းစနစ်တကျရှိစေချင်တယ်” စျေးသည်တစ်ဦးက ဆိုသည်။ မင်တပ်မြို့စံပြစျေးကို ပြည်ထောင်စုဘတ်ဂျက် သိန်းငါးထောင်နဲ့ ဒေသခံစျေးပြည်သူများ၏ ထည့်ဝင်လှူငွေ သိန်းသုံးထောင်ကျော်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...