ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြစျေး အပြီးတည်ဆောက်မည်

ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြစျေး အပြီးတည်ဆောက်မည်
၂၀၁၅ ခုနှစ်အတွင်းမီးလောင်ခဲ့တဲ့ မင်းတပ်မြို့ စံပြစျေးကို လာမယ့်ချင်းအမျိုးသားနေ့ မတိုင်မီ အပြီးတည်ဆောက်သွားမယ်လို့ စျေးကော်မတီဥက္ကဌ ဦးတိုင်းလင်းက ပြောသည်။ “ကျတော်တို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ထိတော့ ၃၂ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ လာမယ့်နှစ် ချင်းအမျိုးသားနေ့မှ ဖွင့်ပွဲလုပ်သွားဖို့ရှိတယ်” ဟု ဦးတိုင်းလင်းက ပြောသည်။ မင်းတပ်စံပြစျေးကို လက်ရှိအချိန်မှာ ကွင်းပြင်တစ်နေရာမှာ ယာယီဖွင့်ခိုင်းထားတာဖြစ်ပြီး မိုးရာသီရောက်တိုင်း ရေမြောင်းမရှိတာကြောင့်အခက်အခဲကြံုနေရ တယ်လို့စျေးသည်တွေ ထံမှ သိရသည်။ “ရေမြောင်းလည်းရေစီးရေလာသိပ်မကောင်းဘူး။ ပျံကျစျေးတွေလည်းနေရာလုံးဝမရှိဘူး။ ပျံကျ စျေးတွေကိုလည်းစနစ်တကျရှိစေချင်တယ်” စျေးသည်တစ်ဦးက ဆိုသည်။ မင်တပ်မြို့စံပြစျေးကို ပြည်ထောင်စုဘတ်ဂျက် သိန်းငါးထောင်နဲ့ ဒေသခံစျေးပြည်သူများ၏ ထည့်ဝင်လှူငွေ သိန်းသုံးထောင်ကျော်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...