မြန်မာစာကထိက၏ စကားသည်ချင်းလူမျိုးမျာအားသိက္ခာထိခိုက်သည်ဟုဆိုကာ ခစယ(ကလေး)မှ တိုင်ကြား

မြန်မာစာကထိက၏ စကားသည်ချင်းလူမျိုးမျာအားသိက္ခာထိခိုက်သည်ဟုဆိုကာ ခစယ(ကလေး)မှ တိုင်ကြား
by -
ချင်းဝေါလ်
ချင်းလူမျိုးများသိက္ခာကျဆင်းစေသည့်စကား၊ လူမျိုးခွဲခြားသည့် စကားလုံးများကိုအတန်းချိန်တွင် ကျောင်းစာနှင့် မသက်ဆိုင်ပဲ ပြောကြားခဲ့သည်ဟုဆိုကာ ကလေးတက္ကသိုလ်မှ မြန်မာစာ ကထိက ဒေါ်သန်းသန်းမော်အား ထိရောက်စွာအရေးယူပေးပါရန် ချင်းစာပေနှင့်ယဉ်ကျေး မှုကော်မတီ(ကလေး) မှ ပြည်ထောင်စု၊ ပညာရေး ၀န်ကြီးဌာနသို့ သြဂုတ်လ (၃၁) ရက်နေ့ကတိုင်ကြားထားကြောင်းသိရသည်။

chinworld0501တိုင်ကြားစာတွင် သင်ခန်းစာနှင့်မသက်ဆိုင်သည့် ချင်းလူမျိုးများ သိက္ခာကျဆင်း၊ အရှက်တကွဲဖြစ်စေမည့် “ချင်းပုတ်၊ ချင်းစုတ်၊ ချင်းတွေက အချောင်ခိုပြီး ပိုက်ဆံလိုချင်တယ်၊ သူများလုပ်ပြီးသားအပေါ် ခိုကပ်ချင်တယ်၊ လျှပ်စစ်မီးရလိုသည့်အတွက် အောက်လမ်းနည်းနဲ့လုပ်တာ” စသည့်စကားလုံးများသုံးစွဲကာ လျှပ်စစ်မီးကိစ္စများ၊ ချင်းအိမ်တစ်အိမ်ခဲဖြင့် အပေါက်ခံရသည့် ကိစ္စများပြောဆိုခဲ့သည့်အတွက် ယခုကဲ့သို့ တိုင်တန်းရခြင်း ဖြစ်ကြောင်း ခစယ(ကလေး) အတွင်းရေးမှုး ဆလိုင်းဂျိမ်း (စ်)နိုက်ထန်က ချင်းဝေါလ်သို့ပြောသည်။

ခစယ(ကလေး) အတွင်းရေးမှုး ဆလိုင်းဂျိမ်း(စ်)နိုင်ထန်က “ ဆရာမက တစ်ဦးတစ်ယောက်ကို ဆုံးမတာမျိုး မဟုတ်ပဲ၊ အတန်းချိန်မှာ လူမျိုးတစ်မျိုးကိုစော်ကားတဲ့စကားမျိုးပြောတာရှိပါတယ်။ ဒါကြောင့်မို့ကျွန်တော်တို့ ချင်းတက္ကသိုလ်ကျောင်းသူ/သားတွေအနေနဲ့ တိုင်ကြားရခြင်းဖြစ်ပါတယ်။ အခုလိုတိုင်ကြားတာကို အထက်က လည်း အရေးတယူလုပ်ပေးမယ်လို့ယူဆပါတယ်။ အဲလိုမလုပ်လာရင်လည်း ကျွန်တော်တို့ချင်း တက္ကသိုလ် ကျောင်းသူ/သားတွေအနေနဲ့ ထပ်ဆင့်လုပ်ရမယ့်ဟာတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် တတိယနှစ်(မြန်မာစာ)ဂုဏ်ထူးတန်းနှင့် မဟာအရည်ချင်းစစ်သင်တန်းတွင် အခြားကျောင်းသူ/သားများနှင့်အတူ ချင်းကျောင်းသူ(၇) ဦးနှင့်အတူတက်ရောက်စဉ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်းတိုင်ကြားစာအရ သိရသည်။

အဆိုပါတိုင်ကြားစာနှင့်ပတ်သက်ပြီး ကလေးမြို့ မြန်မာစာ ကထိက ဒေါ်သန်းသန်းမော်၏ ဖုန်းနံပတ်အား အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

ပြည်ထောင်စုပညာရေးဝန်ကြီးဌာနသို့တိုင်ကြားခြင်းကြောင့် မကြာမီဖြေဆိုမည့် စာမေးပွဲတွင် ဆရာမဒေါ်သန်းသန်းမော်က မအောင်မြင်ရန်ပြုလုပ်မည်ကိုလည်းစိုးရိမ်ကြောင်းပါရှိသည်။ ကလေးတက္ကသိုလ်၌ အတန်းတင်စာမေးပွဲကို စက်တင်ဘာလ (၁၉) နေ့တွင် စတင်ဖြေကြားမည်ဖြစ်သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...