မချမ်းသာသော်လည်း ပျော်အောင်နေတတ်ဖို့ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ Dr. Hmuh Thang ဆို

မချမ်းသာသော်လည်း ပျော်အောင်နေတတ်ဖို့ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ Dr. Hmuh Thang ဆို
by -
ချင်းဝေါလ်
ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌDr. Hmuh Thang မှ မချမ်းသာသော်လည်း ပျော်အောင်နေတတ်ဖို့ ပြောကြားလိုက်ကြောင်း သိရသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌDr. Hmuh Thang မှ“နိုင်ငံတော်တော်များများ ချမ်းသာပေမယ့် ပြည်တွင်းအေးချမ်းမှုမရှိတာကြောင့် ပြည်သူများဟာ ပျော်အောင်မနေနိူင်ကြဘူး။ ကျတော်တို့ ချင်းပြည်နယ်ဟာ တွင်းထွက်သယံဇာတမရှိပေမယ့် ငြိမ်းချမ်းစွာ နေနိူင်ဖို့ လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

ဒေါက်တာမှုထန်မှ Fidi Foundation ကဦးစီးကျင်းပတဲ့ ထန်တလန်မြို့ တီဘီစီ ခန်းမမှာပြုလုပ်ခဲ့တဲ့ “ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်ကြား ဆက်ဆံရေး” ဆွေးနွေးပွဲတွင် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လူဆိုတာ ပိုက်ဆံကြောင့် ပျော်တာမဟုတ်ဘူး။ ချမ်းသာမှုဆိုတာလည်း လူတွေရဲ့ ပျော်ရွှင်မှုမဟုတ်ဘူး။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ အဲဒီနိုင်ငံမျိုးမှာ တစ်ဦးနဲ့တစ်ဦး ရန်စကြမှာပဲ။ အဲဒါကြောင့် ကျတော်တို့လူမျိုးကတော့ ဘယ်လောက်ပဲ ဆင်းရဲပါစေ ပျော်ရွှင်မှုနဲ့ နေနိူင်ဖို့ အဓိက ဖြစ်တယ်” ဟု ဆက်ဆိုသည်။

Fidi Foundation သည် ချင်းပြည်တွင် လူထုဆွေးနွေးပွဲနှင့် သင်တန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ပြီး ၂၀၁၄ မှ ၂၀၁၇ ထိ ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...