မောင်တောတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုး

မောင်တောတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုး
by -
စိုးသူအောင်
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်တွင် နယ်မြေအခြေအနေအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂ လ ထပ်မံတိုးမြှင့်ထားကြောင်း မောင်တောခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မဇ္စျိမသို့ပြောသည်။

“၂၅ ရက်နေ့က ပြည့်လို့ ထပ်ထုတ်လိုက်တာပါ။ နယ်မြေ တည်ငြိမ်အေးချမ်းရင်တော့ ထုတ်တော့မှာမဟုတ်ဘူး နယ်မြေအခြေအနေအရပေါ့ “ ဟု ၄င်းကဆိုသည်။

အခြေအနေ မတည်မငြိမ်မှုများ ရှိနေသေးသောကြောင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီက ထပ်မံပြီး သက်တမ်း ၂ လထပ်တိုးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ၂ လ သက်တမ်းတိုးရာတွင် မောင်တောခရိုင်အတွင်း ပြည်သူတို့သွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ၅ ဦး(သို့မဟုတ်) ၅ ဦး ထက်ပိုသော လူများစုဝေးခြင်း မပြုလုပ်ရန်များလည်း ပြင်ဆင်သည့်အမိန့်တွင် ပါရှိသည်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့်ကို မောင်တောဒေသတွင်ထုတ်ပြန်ခဲ့ပြီး ဇွန်လတွင် အမိန့်ကို ထပ်မံတိုးထားခဲ့ကာ ယခု ၂ လ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

​မောင်​​တောမြို့နယ်​၌ ည ၉ နာရီမှ နံနက်​ ၅ နာရီအထိလည်​း​ကောင်​း၊ ဘူးသီး​တောင်​မြို့နယ်​၌ ည ၁၀ နာရီမှ နံနက်​ ၄ နာရီအထိလည်​း​ကောင်​း ၂ လပြည်​့​မြောက်​သည်​အထိ ညမထွက်​ရအမိန်​့(၁၄၄)ကိုထုတ်​ပြန်​ထားခဲ့သည်​။

အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုသည် ယခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် အစိုးရက နယ်မြေတည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...