နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် ကျပ် ဘီလီယ ၁၀၀ ခန့် အသုံးပြုထား

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် ကျပ် ဘီလီယ ၁၀၀ ခန့် အသုံးပြုထား
by -
မဇ္ဈိမ
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဘူးသီးတောင်၊ မောင်တောအပါအဝင် ရခိုင်ပြည်နယ်ဖွံဖြိုးရေးလုပ်ငန်းများ အတွက် ကျပ် ဘီလီယံ ၁၀၀ ခန့်အသုံးပြုထားကြောင်း  ၀န်ကြီးရုံး၊ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

“ နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၁ - ၁၂ ဘဏ္ဍာရေးနှစ်ကနေ လက်ရှိဘဏ္ဍာရေးနှစ်အထိပေါ့ ဘီလီယံ ၁၀၀ လောက်သုံးထားပြီးပြီ။ ဒါပေမယ့် အဲဒါက ဘူးသီးတောင်၊ မောင်တောတစ်ခုထဲမဟုတ်ဘူး။ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံးအတွက်ပေါ့ “ ဟု ၀န်ကြီးရုံး၊ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ဆိုသည်။

ရေတွင်း၊ ရေကန်များတူးဖော်ခြင်း၊ လမ်းတံတားများတည်ဆောက်ပေးခြင်း၊ မီးရှို့့ခံရသည့်ရွာများကို ပြန်လည် တည်ဆောက်ပေးခြင်းနှင့် တိုင်းရင်းသားစံပြ ကျေးရွာများ ဖော်ဆောင်ပေးခြင်း ကဲ့သို့သော ဖွံဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မောင်တောဒေသအတွင်း တစ်ရွာလုံးမီးရှို့ခံရသည့် ခုံတိုင်ရွာ အပါအဝင် နန်းရာကိုင်းကျေးရွာဘူး၊ ဘူးသီးတောင်မြို့နယ် ဇီးတုံ ကျေးရွာ၊ ကိုင်းကြီးရွာတို့ကို နိုင်ငံတော်အတိုင်ပင်ခံ၏လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြန်လည်ဆောက်လုပ်ပေနေကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့တွင် ၁၉၉ဝ-၉၁ ခုနှစ်မှ စတင်ကာ   မောင်တောမြို့နယ်တွင် ၂၈ ရွာ၊ ဘူးသီးတောင်မြို့နယ်တွင် ၉ ရွာနှင့် ရသေ့တောင်မြို့နယ်တွင် ၂ ရွာ စုစုပေါင်း ၃၉ ရွာ တည်ထောင်ပေးခဲ့ဖူး ကြောင်းလည်း သိရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...