NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို

NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို
by -
မဇ္ဈိမ
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အချက် ၈ ချက်အနက် သုံးပုံ နှစ်ပုံကျော် ပြေလည်ပြီး အချက်အားလုံးပြေလည်ရန် လတ်တကမ်းအလိုရောက် လာပြီဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောဆိုလိုက်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ အစိုးရသို့ အချက် ၈ ချက်တောင်းဆိုထားပြီး အဆိုပါအချက်များအား လုံးပြေလည်ပါက အပစ်ရပ်လက်မှတ် (NCA) ရေးထိုးမည်ဖြစ်ကြောင်းပြောဆိုထားသည်။

လက်ရှိတွင် အချက် ၈ ချက်အနက် အချက် ၄ ချက်ကို အစိုးရနှင့် UNFC မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဆွေးနွေး ချက်အရ မူအားဖြင့် သဘောတူညီချက်ရရှိထား ပြီး ကျန်ရှိနေသည့် နံပတ် ၅ မှ ၈ အထိအချက်များကို ဆွေးနွေးနေကြ ခြင်းဖြစ်သည်။

“ နံပတ် ၅ ကအခြေခံအားဖြင့်ရပြီ။ နံပတ် ၆ ကပြေလည်သလောက်ဖြစ်ပြီ ။နံပတ် ရကဆုံးဖို့နည်းနည်းပဲကျန်တော့တယ်။ ပြန်ကြည့်လိုက်ရင် ဒီ ၈ချက်က ပြောဆိုရင် ၃ ပုံ ၂ ပုံကျော်လာပြီပေါ့။ လက်တကမ်းအလိုလောက်ပဲရောက်လာပြီ။ ဒါပေမယ့် မနက်ဖြန်အစည်းအဝေး ဘယ်လောက်ပြတ်ဦးမလဲတော့မသိသေးဘူးပေါ့ “ ဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောသည်။

ယနေ့ (အောက်တိုဘာ ၂၃ ရက်) ရန်ကုန်မြို့ ရွှေလီလမ်းရှိ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင် (PC) နှင့် DPN  တို့ ပြုလုပ် နေသည့်အစည်းအ ဝေးအပြီးတွင်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

UNFC ၏ အဆိုပြုချက် ၈ ချက်အပေါ် DPN နှင့် PC တို့အကြား ညှိနှိုင်းဆွေးနွေးသည်မှာ ရ ကြိမ် ရှိပြီ ဖြစ် သော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးသည်မှာ ၁၅ လ ကြာခဲ့ပြီ ဖြစ်သည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် NCA လက်မှတ် မရေးထိုးသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊  မွန်ပြည်သစ်ပါတီ (NMSP)၊  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ပါ၀င်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...