ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ အမျိုးသားကို ဘင်္ဂလားဒေ့ရှ်တွင်ရုံးထုတ်

ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ အမျိုးသားကို ဘင်္ဂလားဒေ့ရှ်တွင်ရုံးထုတ်
by -
မဇ္ဈိမ
ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ အမျိုးသား ဦးဦးချစ်မောင်ကို ဘင်္ဂဘားဒေ့ရှ်အစိုးရမှ အောက်တိုဘာ ၂၃နေ့ ရက်တွင် ဒါကာမြို့တရားရုံး၌ ရုံးထုတ်သွားကြောင်း ဒေါ်စောမြရာဇာလင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။
 
“ ဒါကာမြို့တရားရုံးမှာ ဒီနေ့ရုံးထုတ်တယ်လို့ ကျွန်မသိပါတယ် “ ဟု ၄င်းက ဆိုသည်။
 
အောက်တိုဘာ ၁၈ ရက်က အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ထွက်ခွာသည့် လေယာဉ်အားစောင့်ဆိုင်းနေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ လေဆိပ်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး ၆ ရက်မြောက်တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။
 
မည်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးသော်လည်း လက်ရှိဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းအရေးကိစ္စတွင် ၄င်း၏ အမျိုးသမီးဖြစ်သူ ရခိုင်အမျိုးသမီးအစည်း အရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပါ၀င်သည်ဆိုသည့် စွဲချက်ပါ၀င်ကြောင်းသိရသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း က “ ကြိုးစားနေတာတော့ ဘင်္ဂလားဒေ့ရှ် အမတ်ဟောင်းတစ်ယောက်ဖြစ်တဲ့ လက်ရှိအာဏာရ အစိုးရရဲ့ ကော့ဘဇားခရိုင် ဒုတိယဥက္ကဋ္ဌ သူကကျမယောက်ကျားရဲ့ညီမအရင်းဖြစ်တယ်။ သူညီမနဲ့ သူ့ရဲ့အမျိုးသားဖြစ်တဲ့ ကော့ပဇားကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဦးကျော်သိန်းအောင်တို့ကနေပြီး တော့ကျွန်မ သားသမီးတွေနဲ့အတူ လွှတ်မြောက်ရေးကြိုးစားနေကြတာြဖစ်ပါတယ် “ ဟုလက်ရှိအခြေအနေကို ရှင်းပြသည်။
 
ယခု အဖမ်းခံခဲ့ရသည့် ဦးဦးချစ်မောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်အမျိုးသား တစ်ဦးဖြစ်သည်။
 
ဒေါ်စောမြရာဇာလင်းသည် ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌတစ်ဦးဖြစ်သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် တယောက်လည်းဖြစ်သည်။
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...