ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ကဏ္ဍအလိုက်ကူညီသွားမည်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ကဏ္ဍအလိုက်ကူညီသွားမည်
by -
ဇေယျာမော်
ပုဂ္ဂလိကလုပ်ငန်းရှင်များက ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး ၊လူမှုရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ကူညီထောက်ပံ့သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်က အောက်တိုဘာ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဦးဆောင်သော ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ယမန်နေ့ တွေ့ဆုံမှုအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီလောက်အခက်အခဲတွေကြားမှာပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာရခိုင်ပြည်နယ် ဖွံ့ဖြိုးအောင် လုပ်ပြနိုင်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြကြမယ်" ဟု UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွက် ပုဂ္ဂလိကကဏ္ဍကျွမ်းကျင်သည့် ကဏ္ဍ (၉) ရပ်ကိုရွေးချယ်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များပါဝင်သောလုပ်ငန်းအဖွဲ့ (၉) ဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ဖွဲ့စည်းလိုက်သည့် လုပ်ငန်းအဖွဲ့များတွင် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၊ စီးပွားရေးဇုန်များဖွံ့ဖြိုးရေး၊ အသေးစားငွေကြေးထောက်ပံ့မှု၊ ခရီးသွားလုပ်ငန်း ကဏ္ဍမြင့်တင်ရေးစသည့် လုပ်ငန်းအဖွဲ့များ ပါ၀င်ခဲ့သည်။

ဖွဲ့စည်းလိုက်သည့် လုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်များသတ်မှတ်ခြင်း၊အဖွဲ့၏ လုပ်ငန်းများသတ်မှတ်ခြင်းနှင့် လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ရန် လိုအပ်သည့် မူဝါဒများအား စုစည်းခြင်းတို့ကို လာမည့် အောက်တိုဘာလ ၂၅ ရက်တွင် ထပ်မံကျင်းပမည့် UEHRD နှင့် ပုဂ္ဂလိကကဏ္ဍတို့၏ အစည်းအဝေး၌ အတည်ပြုမည်ဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...