ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်တွင် မိုင်းနင်းမိ၍ ဒေသခံတစ်ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်တွင် မိုင်းနင်းမိ၍ ဒေသခံတစ်ဦးသေဆုံး
by -
ဇေယျာမော်
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာအုပ်စုတွင် အောက်တိုဘာ ၂၀ ရက်နေ့နံနက်ပိုင်းတွင် ဒေသခံတစ်ဦးက မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်ဟု မန်လွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က ဆိုသည်။

"မနက် ကိုးနာရီလောက်က အိမ်ကိုပြန်လာတော့ မိုင်းနင်းမိပြီး ခြေထောက်နှစ်ချောင်းပြတ်သွားတယ်၊ ဆေးရုံ ပို့တဲ့ လမ်းမှာ ဆုံးသွားတာပါ" ဟု ဦးသိန်းထိုက်ဇော်က ဆိုသည်။

သေဆုံးသူသည် မန်လွယ်ကျေးရွာအုပ်စု အထက်မန်လွယ်ကျေးရွာ နေထိုင်သူဖြစ်ပြီး အသက် ၂၀ အရွယ် မအီနောင်ဆိုသူလည်း ဖြစ်သည်။

မအီနောင် နင်းမိသည့် မိုင်းသည် မည်သည့် အဖွဲ့အစည်းမှ ထောင်ထားသည့် မိုင်း ဖြစ်ကြောင်း အတိအကျ ပြောရန် ခက်ခဲသည့် အနေအထားမျိုးလည်းဖြစ်နေကြောင်း ဦးသိန်းထိုက်ဇော်က ပြောဆိုသည်။

မန်လွယ် ကျေးရွာအုပ်စုသည် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိနေပြီး တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ လှုပ်ရှားနေသည့် နေရာလည်းဖြစ်သည်။

TNLAသည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

မြေမြှုပ်မှိုင်း အသုံးမပြုရန် ကမ္ဘာနိုင်ငံအများစုက လက်မှတ်ရေးထိုး ကတိပြုထားသော်လည်း မြန်မာနိုင်ငံ ပါ၀င်ခြင်း မရှိသေးပေ။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...